သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျသွားတဲ့ ငွေလဲနှုန်းနဲ့ ပိုအထိနာရတဲ့ မြန်မာ့စီးပွားရေး


ဇန်န၀ါရီ ၂၆၊ ၂၀၀၉ - မြန်မာနိုင်ငံမှာ နိုင်ငံခြားကုန်တင်ပို့တဲ့ စီးပွားရေးလုပ်ငန်း
တွေက စပြီး လယ်ကွင်းထဲမှာ စိုက်ပျိုး ရိတ်သိမ်းကြတဲ့ တောင်သူလယ်သမားတွေအထိ
စီးပွားရေးကျဆင်းတဲ့ဒဏ်ကို ခံနေကြခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ တပူပေါ် နှစ်ပူဆင့်ဆိုသလို နိုင်ငံခြားငွေလဲလှယ်နှုန်း
တွေ ကျဆင်းသွားခဲ့တာမို့ ထပ်ပြီး ထိခိုက်ကြရပါတယ်။ ငွေလဲနှုန်းကျတယ်ဆိုတာက
တော့ မြန်မာကျပ်ငွေက မြင့်သွားတာပါ။ အမေရိကန်ဒေါ်လာလို၊ ယူရိုငွေလို စတဲ့ နိုင်ငံ
ခြားငွေတွေကို မြန်မာငွေနဲ့ပြန်လဲတဲ့အခါ ရတဲ့ကျပ်ငွေ နည်းသွားတဲ့သဘောပါ။
ဒီလိုဖြစ်တဲ့အတွက် အရောင်းအ၀ယ်လောက ထိခိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG