သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ထိုင်းစစ်တပ် မောင်းထုတ်ပုံ သတင်းမှတ်တမ်းတွေ သက်သေခံ


မြန်မာပြည်မှ ဒုက္ခသည် ရာပေါင်းများစွာ လှေပေါ်တင်ပြီး ထိုင်းစစ်တပ်က ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့သတင်း မှန်ကန်ကြောင်း ဓာတ်ပုံများ၊ ဗွီဒီယိုအခွေများနဲ့ အတည်ပြုလိုက်ပါပြီ။

မြန်မာဒုက္ခသည်တွေ ပြွတ်သိပ်တင်ဆောင်ထားတဲ့ လှေကြီးကို ထိုင်းစစ်တပ် တိုက်ရေယာဉ်က ထိုင်းကမ်းရိုးတန်းကနေ ပင်လယ်ပြင် နိုင်ငံတကာရေပိုင်နက်အထိ လိုက်ပို့တဲ့၊ အဲဒီလှေပေါ်မှာပါရှိတဲ့ လူ ၁၅၀ ထဲက အများစုကတော့ မြန်မာပြည်မှာ နှိပ်ကွပ်ခံနေရတဲ့ မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာများ ဖြစ်ကြတယ်လို့ အမေရိကန်နိုင်ငံမှာ စီအန်န်အန်န် ရုပ်သံလွှင့်သတင်းဌာနက တနင်္လာနေ့က ဓာတ်ပုံများ၊ ဗွီဒီယိုအခွေများနဲ့ ထုတ်လွှင့်ပြသလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော် ကပ္ပလီကျွန်းက ရွာသားတွေ တွေ့ရှိလိုက်တဲ့ အဲဒီထဲက အစ်ကဘဲ ဟူစိန်ဆိုသူ ရိုဟင်ဂျာက အင်္ဂလိပ်လို တတ်သလောက်နဲ့ ခြေဟန်လက်ဟန်နဲ့ ဇန်နဝါရီလထဲမှာ လှေ ၆ စင်းနဲ့ ပြန်လွှတ်လိုက်တယ်၊ အဲဒီထဲက ၅ စင်းက ပင်လယ်ထဲမှာ နစ်သွားတယ်၊ စသဖြင့် သတင်းထောက်များကို ရှင်းပြပုံကိုလည်း စီအန်န်အန်န်က ပြသသွားပါတယ်။

မြန်မာဒုက္ခသည် ၁,၀၀၀ ကျော်ကို ထိုင်းစစ်တပ်က စားစရာ၊ သောက်စရာရေ စတဲ့ အသက်ရှင်နိုင်ရေး လိုအပ်တဲ့ပစ္စည်းတွေ မပါဘဲ ပင်လယ်ထဲကို ပြန်လွှတ်လိုက်တယ်လို့ အသက်မသေ ရှင်ကျန်သူများကရော၊ လူ့အခွင့်အရေးအဖွဲ့များကပါ စွပ်စွဲထားပါတယ်။ အဲဒီဒုက္ခသည်တွေ ပြန်မလာနိုင်အောင် စက်လှေပေါ်က အင်ဂျင်စက်တွေကို ထိုင်းစစ်တပ်က ဖြုတ်ယူထားလိုက်ကြောင်း ထိုင်းရေတပ် အရာရှိတဦးက ပြောပုံကို အယ်လ်ဂျာဇီးယား ရုပ်သံလွှင့်သတင်းဌာနက ကိုးကားဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG