သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မြန်မာ လူ့အခွင့်အရေးပြဿနာ


တိုင်းသူပြည်သားများကို လူ့အခွင့်အရေးမပေးပဲ ဖိနှိပ်ချုပ်ချယ်တဲ့ မြောက်ကိုရီးယားအစိုးရကို ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ် လွန်ခဲ့တဲ့လက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ချမှတ်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂအဖွဲဝင်အားလုံးက ထောက်ခံတာ မဟုတ်ပါဘူး။ ထောက်ခံသူ (၉၄) ဦး ကန့်ကွက်သူ (၂၂) ဦးနဲ့ မဲမပေးပဲ ကြားနေသူ (၆၄) ဦးရှိပါတယ်။ ကန့်ကွက်သူတွေထဲမှာ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား၊ မြန်မာ၊ အီရန်၊ ဆီးရီးယား စတာတွေ ပါဝင်နေပါတယ်။ မဲမပေးပဲ ရှောင်နေတဲ့ နိုင်ငံတွေထဲမှာတော့ အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အကြောင်းကို တရုတ်ကွန်မြူနစ် နဲ့ မြန်မာစစ်ဗိုလ်တွေ မကြာခဏ ပြောတက်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ လူ့အခွင့်အရေးတောင်းဆိုနေသူတွေကို ဖမ်းဆီးထောင်ချလေ့ ရှိပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရတွေဟာ စိတ်တူသဘောတူ လုပ်ရပ် စရိုက်တူတူ ဖြစ်ကြောင်း ဆောင်ပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာသတင်း) နဲ့အတူ သုံးသပ်တင်ပြ ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG