ဇန်နဝါရီ ၂၈၊ ၂၀၀၈။ ကမ္ဘာအဝန်း ကလေးငယ်တွေ သေဆုံးမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းတရပ်ကတော့ အဟာရချို့တဲ့မှုပါ။ ခန့်မှန်းချေအရဆိုရင်တော့ ဆင်းရဲတဲ့တိုင်းပြည်တွေမှာ ငါးနှစ်အောက် ကလေးငယ်သေဆုံးမှုရဲ့ ၁၀ရာခိုင်နှုန်းဟာ အဟာရချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ MSF နယ်ခြားမဲ့ဆရာဝန်များအဖွဲ့က အဟာရချို့တဲ့တဲ့ကလေးငယ်တွေကို အဟာရမုန့်တမျိုး ဝေငှသုံးစွဲခြင်းအားဖြင့် အဟာရချို့တဲ့လို့ ကလေးအသေအပျောက်နှုန်းကျဆင်းလာတာကို သုတေသနပြု ရရှိခဲ့ပါတယ်။
ဆင်းရဲတဲ့ တတိယနိုင်ငံတွေမှာ ကလေးငယ်တွေ အသက်ဆုံးရှုံးစေတဲ့ အဟာရချို့တဲ့မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ဆေးသိပ္ပံပညာရှင်တွေ ကြိုးပမ်း သုတေသနလုပ်နေချိန်မှာပဲ ဖွံဖြိုးပြီး စက်မှုတိုးတက်စနိုင်ငံတွေမှာ ကလေးတွေ အဖြစ်များလာတဲ့ အဝလွန်ရောဂါနဲ့ပတ်သက်လို့လည်း လေ့လာချက်ရလဒ်တခု ထွက်လာပါတယ်။ မိခင်ကိုယ်ဝန်ဆောင်ချိန်မှာ အဆီများတဲ့အစားအစာ စားသုံးရင် သန္စေသားလောင်းမှာကတည်းက အဝလွန်မှုဖြစ်လာတတ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။
ဒီသုတေသနပြုလေ့လာချက်နှစ်ရပ်ကို အခုအပတ်ကျန်းမာရေးအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။