ပြီးခဲ့တဲ့ ၂၀၀၈ နှစ်ကုန်ပိုင်းလောက်က မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ်က ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ထိုင်း အရာရှိတွေက သူတို့ကို ဖမ်းပြီး သူတို့ ၀င်လာတဲ့ ရေလမ်းကြောင်းကနေပဲ ပင်လယ်ထဲကို ပြန်လွှတ်လိုက်ပါတယ်။ အဲဒီလို ပြန်လွှတ်ခဲ့ရာမှာ တချို့ဆို အစာရေစာ ငတ်ပြတ်ပြီး အသက်ပါ ဆုံးရှုံးရပါတယ်။ အဲဒါကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုနေပါတယ်။