သမ္မတ ဘရက်ခ် အိုဘားမားရဲ့ စီးပွားရေး နိုးထမှု အစီအစဉ် အမေရိကန် အောက်လွှတ်တော်ထဲမှာ ဆွေးနွေးကြပြီးနောက် ထောက်ခံမဲ ၂၄၄မဲ ကန့်ကွက်မဲ ၁၈၈မဲနဲ့ အတည်ပြုလိုက်ပါပြီ။ ရီပတ်ဗလစ်ကန် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်မဲများပေးခဲ့ကြပါတယ်။ ဒီအဆိုအတည်ပြု ပေးတဲ့ အောက်လွှတ်တော်ထဲမှာ ဒီမိုကရက်တစ် လွှတ်တော် ကိုယ်စားလှယ် အလုံအလောက်ရှိပေမယ့် သမ္မတ အိုဘားမား က သူ့ရဲ့ အစီအစဉ်ကို ပါတီ ၂ခုစလုံးရဲ့ ထောက်ခံမှုကို ရချင်ခဲ့တာပါ။