သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီလီနွိုင်း အုပ်ချုပ်ရေးမှူးကို ရာထူးကဖယ်ရှားရေး ပြည်နယ် အထက်လွှတ်တော် ဆုံးဖြတ်


သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အထက်လွှတ်တော်အမတ် နေရာအတွက် အာဏာကို အလွဲသုံးစားလုပ်ပြီး လစ်လပ်တဲ့ရာထူးကို ရောင်းစားဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အီလီနွိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး ရော့ဒ် ဘလာဂိုဗစ်ချ် (Rod Blagojevich) က သူဟာ မမှန်မကန် တခုမှမလုပ်ခဲ့တဲ့အတွက် အီလီနွိုင်းပြည်နယ် အမတ်တွေက စဉ်းစားဆုံးဖြတ်ပေးဖို့ ပန်ကြားခဲ့ပါတယ်။

သူ့အမှုကိုစစ်ဆေးဖို့ ရုံးတော်ကိုလာရောက်ဖို့ သပိတ်မှောက်ရာက ကြာသပတေးနေ့မှာတော့ မစ္စတာဘလာဂိုဗစ်ချ်ဟာ အီလီနွိုင်းပြည်နယ် အထက်လွှတ်တော်မှာ ကြားနာဖို့ လာရောက်ခဲ့ပြီး ထုချေခဲ့ပါတယ်။

ပြည်နယ်အထက်လွှတ်တော်မှာရှိတဲ့ အမတ်ဦးရေအားလုံးရဲ့ သုံးပုံနှစ်ပုံက မစ္စတာဘလာဂိုဗစ်ချ်ကို အပြစ်ရှိကြောင်း မဲပေးဆုံးဖြတ်ခဲ့တာမို့ ဒါဟာ ပြည်နယ်ရဲ့သမိုင်းကြောင်းမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတယောက်ကို မဲပေးပြီး ပထမဆုံး ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG