သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပိုမိုကျဆင်း


ကမ္ဘာ့အကြီးဆုံး စီးပွားရေးကြီးဖြစ်တဲ့ အမေရိကန် စီးပွားရေးဟာ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံး ၃ လမှာ ပိုပြီးတော့ ကျုံ့သွားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ပမာဏ (GDP) ဟာ ၁၉၈၂ ခုနှစ်နောက်ပိုင်း အဆိုးဆုံး အခြေအနေအဖြစ်နဲ့ ၂၀၀၈ ခုနှစ်ရဲ့ စတုတ္ထ သုံးလပတ်မှာ အဆိုးဆုံး သေးကျုံ့သွားတာ ဖြစ်ပါတယ်။

GDP ဟာ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှုတွေနဲ့ ဝန်ဆောင်ရေး လုပ်ငန်းတွေ အားလုံးကို ကိုယ်စားပြုတာမိုလို့ နိုင်ငံရဲ့ စီးပွားရေး အခြေအနေကို အကျယ်ပြန့်ဆုံး တိုင်းတာနိုင်တဲ့ နည်းပဲ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေးဟာ သုံးလပတ် နှစ်ခုဆက်တိုက် ကျုံ့သွားခဲ့တာဖြစ်တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။ ဒါဟာ စီးပွားရေး ဆုတ်ယုတ်မှုလိုမျိုး တရားဝင်ပြောလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။

အမေရိကန် စီးပွားရေးရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ စားသုံးသူတွေရဲ့ သုံးစွဲမှုက တချိန်ထိုး ကျဆင်းသွားတာ ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ ဝယ်လိုအား ကျဆင်းလို့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း ဝန်ထမ်းအင်အားကို လျော့ချပစ်ရပြီးတော့ နိုင်ငံတွင်းမှာ အလုပ်လက်မဲ့နှုန်းတွေ အများကြီး မြင့်တက်လာရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG