သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရိုဟင်ဂျာများ အင်ဒိုနီးရှားကပြန်ပို့မည်


ပင်လယ်ကို ဖြတ်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာခဲ့ကြတဲ့ မြန်မာပြည်က လှေစီးပြေး ရိုဟင်ဂျာ ၁၉၃ ယောက်ကို လာရာတိုင်းပြည်ဆီ ပြန်ပို့မယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောလိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလူတွေဟာ နိုင်ငံရေး အခြေအနေတွေကြောင့် ရွှေ့ပြောင်းလာကြသူတွေ မဟုတ်ဘဲနဲ့ စီးပွားရေး အခြေအနေတွေကြောင့် ရောက်လာခဲ့ကြသူတွေ ဖြစ်လို့ပါတဲ့။ လှေစီးပြေး ရိုဟင်ဂျာတွေဟာ မြန်မာပြည်က မွတ်စလင် လူနည်းစုတွေ ဖြစ်ကြပြီးတော့ ဗုဒ္ဓဘာသာ အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံ ခံနေရသူလို့ ခံစားနေကြရတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံကိုစွန့်ခွာပြီးတော့ ပိုကောင်းတဲ့ဘ၀ကို ထူထောင်ဖို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသူတွေ အဖြစ် စုံစမ်းသိရှိခဲ့ရတဲ့ အကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးဌာန ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် က မနေ့တုန်းကပဲ ပြောခဲ့ပါတယ်။ ရိုဟင်ဂျာ အများစုဟာ မြန်မာပြည်က ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တော်တော်များများက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။

ဒီလူတွေကို ဘယ်တော့ကျရင် ပြန်ပို့မယ်ဆိုတာကိုတော့ နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က မပြောပါဘူး။ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာတော့ မြန်မာတိုင်းရင်းသား လူမျိုးစု ၁၀၀ ကျော်ထဲမှာ ရိုဟင်ဂျာလူမျိုး လုံးဝ မပါဝင်ဘူးလို့ မနေ့တုန်းက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အခု ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာစစ်အစိုးရ ဘက်က လိုအပ်သလို ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG