သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံရောက်သွားပြီ


မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာစေရေး ကြားဝင် ညှိနှိုင်းပေးဖို့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် အီဘရာဟမ် ဂမ်ဘာရီ (Ibrahim Gambari) ဟာ ၄ ရက်
ကြာ ခရီးစဉ်အတွက် မြန်မာနိုင်ငံ ရောက်သွားပါပြီ။

မစ္စတာ ဂမ်ဘာရီ ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ရန်ကုန်မြို့မှာ ဒီကနေ့တွေ့ဆုံ
ခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိတ်ကိုတော့
မသိရသေးပါဘူး။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုတွေကို ဆက်လုပ်နိုင်ဖို့ စစ်အစိုးရရဲ့
ဖိတ်ကြားမှုနဲ့ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို သွားတာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ စစ်အစိုးရအပါအဝင် သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki Moon) က မစ္စတာ ဂမ်ဘာရီ မှာလိုက်တယ်လို့ ကြေညာချက်ထဲမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံကို နောက်ဆုံးသွားခဲ့စဉ်က Mr. Gambari အဆိုပြုခဲ့တဲ့ အချက်တွေအားလုံး
ကိုဆွေးနွေးနိုင်ဖို့ Mr. Ban Ki Moon က မျှော်လင့်ထားတယ်လို့လည်း ကြေညာချက်ထဲ
မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ နောက်ဆုံးသွားခဲ့တဲ့ Mr. Gambari က မြန်မာ
နိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာဖို့ သူ့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေ
မှာ ထင်သာမြင်သာတဲ့ရလာဒ်တွေ မရခဲ့လို့ စိတ်ပျက်တယ်လို့ အဲဒီခရီးစဉ်အပြီးမှာ
ပြောခဲ့ပါတယ်။

အခုတခေါက်ခရီးစဉ်အတွင်း မစ္စတာ ဂမ်ဘာရီ အနေနဲ့ စစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခွင့် ရ-မရဆိုတာကတော့ ခုချိန်ထိ တိတိကျကျ
မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG