သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်တို့ သမိုင်းဝင် ရွေးကောက်ပွဲအတွက် မဲပေးနေကြပြီ


အီရတ်နိုင်ငံရဲ့ တည်ငြိမ်ရေးကို စမ်းသပ်တယ်လို့ မြင်နိုင်တဲ့ ပြည်နယ် ရွေးကောက်ပွဲတွေကို အီရတ်နိုင်ငံတဝန်းမှာ ပြုလုပ်နေပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ပထမဆုံး ပြည်နယ်ရွေးကောက်ပွဲမှာ ဒေသကောင်စီ ၁၄ ခုအတွက် ကိုယ်စားလှယ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အမတ်နေရာ ၄၄၀ အတွက် ဝင်ပြီး အရွေးခံကြသူပေါင်း ၁၄,၀၀၀ ကျော်ရှိပါတယ်။

ဘက်ဂဒက် (Baghdad) မြို့တော် မြောက်ပိုင်းမှာရှိတဲ့ တိကရစ် (Tikirt) မြို့ က မဲရုံတခုနားကို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရသူ သတင်းမကြားရပေမယ့် အကြမ်းဖက်မှုတွေဖြစ်မှာ စိုးရိမ်နေတဲ့ အစိုးရရဲ့ စိုးရိမ်မှုကို ပိုပြီးကြီးစေခဲ့ပါတယ်။ ရွေးကောက်ပွဲ အတွက် လုံခြုံရေး အထူးတင်းကြပ်ထားကာ လေဆိပ်တွေ နယ်စပ်ဂိတ်တွေကို ပိတ်ထားပြီး မြို့ထဲမှာ ယာဉ်အသွားအလာကို တင်းကြပ်ထားပါတယ်။

ပြီးခဲ့တဲ့တခေါက် ပြည်နယ်ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်ခဲ့ကြတဲ့ စူနီ မွတ်ဆလင်တွေ တော်တော်များများ ဒီတခါ မဲလာပေးကြမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီလို စူနီ အများအပြား ရဲ့ မဲကိုရခဲ့ရင် တချို့ ပြည်နယ်တွေရဲ့ အာဏာချိန်ခွင်လျှာ ပြောင်းသွားနိုင်ပါတယ်။ အီရတ်က မဲပေးပွဲကို သမ္မတ ဘားရက် ကိုဘားမား (Barack Obama) က အနီးကပ်လေ့လာနေပြီး အီရတ်ရဲ့ ဒီမိုကရေစီ စနစ်တိုးတက်မှုမှာ နောက်ထပ် ထင်ရှားတဲ့ သာဓကတခုအဖြစ် မြင်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG