သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုပညာပေးရုပ်ရှင်ကြော်ငြာ Fiat ကားကုမ္ပဏီ ထုတ်ပြန်


မြန်မာစစ်အစိုးရက နေအိမ်မှာ အကျယ်ချုပ် သုံးကြိမ်တိုင်ချထားခြင်းခံနေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်သူလူထု ဒီမိုကရေစီရရှိရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို နိုင်ငံတကာက အားကျကြတာ သောတရှင်တွေ အသိပါ။ ဒါကြောင့်လဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လွတ်မြောက်ရေးနဲ့ သူမရဲ့ ရုန်းကန်မှုအကြောင်း နိုးကြားမှုရရှိစေဖို့ နိုင်ငံတကာမှာ လှုပ်ရှားမှုတွေ အခမ်းအနားတွေ ကျင်းပကာ မှတ်တမ်းတင်ရုပ်ရှင်တွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။ မကြာသေးမီကတော့ - အီတလီရဲ့ နာမည်ကြီး Fiat ကားကုမ္ပဏီကြီးက လူထုပညာပေးရုပ်ရှင်ကြော်ငြာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြော်ငြာကို နောက်ခံထားပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ဒီမိုကရေစီအပေါ် ခံယူချက်ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG