သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ငှက်တုတ်ကွေးဗိုင်းရပ်ပိုး အိန္ဒိယနိုင်ငံအရှေ့ဖက်ခြမ်းမှာ တွေ့ရှိ


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ကြက်ဘဲတွေကြားမှာ လူ့ အသက်အန္တရာယ်ဖြစ်စေတဲ့  H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး Virus ကူးစက်ပြန့် ပွားနေတာ တွေ့ ရတယ်လို့  အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ Cooch ဘီဟာ ခရိုင်မှာ ကြက်ဘဲ ကောင်ရေ ၄၅၀၀၀ လောက်ကို အဖွဲ့  ၃၀ လောက်ခွဲပြီး သုတ်သင်မှုတွေကို ဒီကနေ့ စတင်မယ်လို့  အနောက် ဘင်္ဂလားပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပါတ်အတွင်း ကြက် ဘဲ ကောင်ရေ တော်တော်များများ သေဆုံးမှုကြောင့် ရွာ ၂ ရွာမှာရှိတဲ့ ကြက် ဘဲ တွေရဲ့  သွေးတွေကို စစ်ဆေးကြည့်ရာ H5N1 အမျိုးအစား ကြက်ငှက် တုပ်ကွေး Virus ကို တွေ့ရှိတာလို့  တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလဲ အနောက် ဘင်္ဂလားပြည်နယ် နဲ့  အိမ်နီးချင်း အာသံ ပြည်နယ်တွေက ခရိုင် တော်တော်များများမှာ အလားတူ H5N1 အမျိုးအစား ကြက်ငှက်တုပ်ကွေး Virus ကိုတွေ့ရှိခဲ့ပါတယ်။ ခုချိန်ထိတော့ အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေး Virus လူမှာ ကူးစက်တဲ့ သတင်း မရသေးပါဘူး။ အာရှမှာ ၂၀၀၃ ခုနှစ် ကစလို့  အာရှမှာ ကြက်ငှက်တုပ်ကွေး Virus ကူးစက်မှု စတင် ဖြစ်ထဲက လူပေါင်း ၂၄၈ ယောက် စုစုပေါင်း သေဆုံးခဲ့တယ်လို့  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီး ကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG