သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီခရီးစဉ်အပေါ် သုံးသပ်ချက်


ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) မြန်မာနိုင်ငံကို သတ္တမအကြိမ် ရောက်ရှိခဲ့ပါပြီ။ မစ္စတာ ဂမ်ဘာရီ အနေနဲ့ မြန်မာနိုင်ငံမှာ လေးရက်ကြာ နေထိုင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် စစ်တပ်အစိုးရ နဲ့ သက်ဆိုင်ရာပါတီအဖွဲ့အစည်းပေါင်းစုံ နဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါကြောင်း ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ ၂၀၀၇ သြဂုတ်လအတွင်းက သွားခဲ့တဲ့ မစ္စတာ ဂမ်ဘာရီ ခရီးစဉ်ကို အောင်မြင်မှုလုံးဝမရှိတဲ့ ခရီးစဉ်လို့ အများက ယူဆကြပါတယ်။ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ တွေ့ဆုံခွင့် မရခဲ့တဲ့အပြင် ဒေါ်အောင်ဆန်စုကြည်ကလည်း မစ္စတာဂမ်ဘာရီကို လက်ခံတွေ့ဆုံဖို့ ငြင်းဆန်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မစ္စတာ ဂမ်ဘာရီ ရဲ့ ရပ်တည်ချက်အပေါ် အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ ဒီတခေါက် ခရီးစဉ်မှာတော့ ဘာတွေ ထူးထူးခြားခြားလုပ်ဆောင်နိုင်မလဲ ဆိုတဲ့အရေး နဲ့ အကြောင်းအရာဆိုင်ရာကို ပိုမိုသိရှိနိုင်ဖို့ ကုလသမဂ္ဂ နဲ့ မြန်မာ့အရေးကို သုတေသနလုပ်နေသူ အမေရိကန်နိုင်ငံအခြေစိုက် Kuki International Forum (www.kukiforum.com) အဖွဲ့ အတွင်းရေးမှုး Nehginpao Kipgen ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG