သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ ရဲ့ သတ္တမမြောက်ခရီး


ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ဗမာစစ်အစိုးရဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ကုလသမဂ္ဂ နဲ့ ပူးပေါင်းဆောင်ရွက်နေတာကိုပြဖို့ ဖြစ်ပုံရပါတယ်။ သတင်းမီဒီယာလောကကို ပေါက်ကြားသွားတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေရဲ့ လျှိုဝှက်အစီရင်ခံမှာလည်း ဒီသဘောကို ဖော်ပြတာတွေ့ရပါတယ်။ လျှိုဝှက်အစီရင်ခံ စာမျက်နှာ (ရ) က (၁၀) အထိ ဂမ်ဘာရီ ပါဝင်တဲ့အခန်းကဏ္ဍကို ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရဲ့ မြန်မာပြည်ခရီးစဉ်တွေဟာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ အငြင်းပွားစရာတွေ ဖြစ်နေတာကြာပါပြီ။ ဒီတကြိမ်တော့ မစ္စတာ ဂမ်ဘာရီဟာ မဟာဗျူဟာသစ်ကို စစ်ခေါင်းဆောင်တွေ သဘောပေါက်လာအောင် ရှင်းပြလိမ့်မယ်လို့ အများ ထင်ကြေးပေးနေကြပါတယ်။ မစ္စတာ ဂမ်ဘာရီ ရဲ့ခရီးစဉ် နဲ့ သူ ဘယ်လိုလုပ်ဆောင်သွားမလဲစတဲ့ အကြောင်းအရာတွေကို ဆောင်ပါးရှင် ဦးအောင်ခင် နဲ့ မညိုညိုလွင် တို့ က သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG