သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဘိန်းအထွက် မြန်မာ ကမ္ဘာမှာ ဒုတိယ


အရှေ့တောင်အာရှမှာ၊ အတိအကျအားဖြင့် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာနေတယ်လို့ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှကထွက်တဲ့ ဘိန်းအားလုံးရဲ့ ၉၆% ဟာ မြန်မာနိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး မြန်မာဟာ ကမ္ဘာမှာ ဘိန်းထွက်ရှိမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် နေရာယူထားဆဲဖြစ်တယ်လို့လည်း UNODC က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကစပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှု သုံးပုံတပုံ တိုးများလာခဲ့ချိန်မှာပဲ ၂၀၀၄ ခုနှစ်မှာ ဘိန်းဈေးက နှစ်ဆနီးပါး ခုန်တက်သွားခဲ့ပါတယ်။ လာအိုနိုင်ငံမှာရှိတဲ့ UNODC ရုံးက လိပ်ခ်ဘွန်ဝပ်ကတော့ မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု အခြေအနေဟာ အန္တရာယ်အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“မြန်မာပြည်က နိုင်ငံရေးအခြေအနေကို အားလုံးသိကြပြီးသားပါ။ အဲဒီတိုင်းပြည်ထဲက နေရာတော်တော်များများမှာ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးအတွက် အကူအညီ၊ အထောက်အပံ့တွေ ရဖို့ကတော့ အန္တရာယ် သိပ်ကြီးပါတယ်။ အဲဒီဒေသတွေမှာ လိုအပ်တဲ့ ငြိမ်းချမ်းရေး မရှိဘူး၊ တည်ငြိမ်မှု မရှိဘူး၊ ဘိန်းတိုက်ဖျက်ရေး လွတ်လွတ်လပ်လပ်လုပ်ဖို့ လုံခြုံရေးလည်း မရှိဘူး။ ဒါဟာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုပါ။” လို့ မစ္စတာဘွန်ဝပ်က ပြောသွားပါတယ်။

မြန်မာပြည်က ဘိန်းစိုက်ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံ ပြောင်းလဲစိုက်ပျိုးဖို့၊ တောင်သူတွေကို အကာအကွယ်ပေးဖို့၊ အထောက်အကူတွေပေးဖို့ လိုအပ်နေတယ်လို့လည်း UNODC က ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG