အမေရိကန်စီးပွားရေး နာလန်ထူရေးအတွက် ငွေအကြီးအကျယ် သုံးစွဲမယ့် အစီအစဉ်ကို အမေရိကန် အထက်လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးနေစဉ် လူနည်းစု ရီပတ်ဘလီကန် အမတ်များက အတိုက်အခံ လုပ်နေကြပါတယ်။
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ငွေ ဒေါ်လာဘီလီယံ ၉၀ နီးပါး သုံးစွဲပြီး အခွန်ထဲဖြတ်တောက်မယ့် အဲဒီအစဉ်ကို အချိန်ဆွဲမထားဘဲ အတည်ပြုပေးကြပါလို့ အမေရိကန် အထက်လွှတ်တော် အမတ်များကို တိုက်တွန်းထားပါတယ်။
အလားတူ စီးပွားရေး နာလန်ထူရေး ငွေသုံးစွဲမှု အစီအစဉ်ကို အောက်လွှတ်တော်မှာ အတည်ပြုစဉ် ရီပတ်ဘလီကန်အမတ် တယောက်တလေကမှ ထောက်ခံမဲ မပေးခဲ့ကြပါဘူး။
အထက်လွှတ်တော် ရီပတ်ဘလီကန် လူနည်းစုခေါင်းဆောင် မစ်ခ်ျ မက်ကော်နယ် (Mitch McConnell) က အောက်လွှတ်တော်မှာ အတည်ပြုခဲ့တာနဲ့ အကြီးအကျယ် ကွဲလွဲလိမ့်မယ်၊ ဦးစားပေး ငွေသုံးစွဲမယ့် ခေါင်းစဉ်များ ပြန်လည်ပြုပြင်ပြီး အခွန်စည်းကျပ်မှုကိုလည်း ပိုမိုဖြတ်တောက်ရမယ်လို့ ပြောဆိုပါတယ်။
အောက်လွှတ်တော်က ဒေါ်လာ ၈၁၉ ဘီလီယံ သုံးစွဲမယ့် အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။