သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအကျပ်အတည်းကို နိုင်ငံတွေ ဘယ်လိုရင်ဆိုင်နေသလဲ


ဖေဖော်ဝါရီ ၂၊ ၂၀၀၉ - မြန်မာ့အိမ်နီးခြင်း ထိုင်းနိုင်ငံက လက်ရှိငွေကြေးအကျပ်
အတည်းကနေ ကျော်လွှားနိုင်ဖို့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေ
ဆီကနေ ဒေါ်လာ သန်း ၂,၀၀၀ ချေးယူမယ့်အကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီး
Korn Chatikavanij က စနေနေ့မှာပဲ ကြေညာလိုက်ပါတယ်။

မြန်မာ့အိမ်နီးခြင်း တရုတ်နိုင်ငံဝန်ကြီးချုပ် ဝန်ကျားပေါင်ဟာ ဂျာမန်ဝန်ကြီးချုပ် Angela
Markel နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံစလုံး ကို ထိခိုက်နေရတဲ့ ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို မြှင့်
တင်ရေး အတူတကွလုပ်ဆောင်ကြမယ်လို့ အပြန်အလှန် ကတိပေးခဲ့ ကြပါတယ်။

ရုရှားနိုင်ငံသုံး ရူဘယ်လ်ငွေ ဈေးကျနေတာကို တားဆီးဖို့နဲ့ ဈေးကွက်တောင်းဆိုမှု ပြန်
မြင့်တက်လာဖို့အတွက် ရုရှား တာဝန်ရှိသူတွေဟာ နိုင်ငံခြားအရန်ငွေထဲက ဒေါ်လာ
သန်းပေါင်းများစွာသုံးစွဲပြီး ရူဘယ်လ်ငွေကို ပြန်ဝယ်နေကြပါတယ်။

လက်ရှိ စီးပွားရေးအကျပ်အတည်းကို ကျော်လွန်ဖို့ အထောက်အကူဖြစ်စေပြီး အာရှ
တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ် ဒေါ်လာသန်းပေါင်း ၁,၇၀၀ ကူညီ
ထောက်ပံ့မယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Taro Aso က ကမ္ဘာ့နိုင်ငံ အသီးသီးက
ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြားတက်ရောက်တဲ့ နှစ်စဉ်
ကျင်းပနေကျ ကမ္ဘာ့ စီးပွားရေးဖိုရမ်မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ၂၀၀၈ ခုနှစ်ကုန်က လေးရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့
တဲ့အကြောင်း အစီရင်ခံစာအသစ်တခုက ပြနေတာကိုထောက်ပြီး အမေရိကန်နိုင်ငံ
သားတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့
အမေရိကန်သမ္မတ ဘရက် အိုဘားမားက မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။ နိုင်ငံ
ရဲ့ပြိုလဲနေတဲ့ ဘဏ္ဍာ ငွေကြေးကဏ္ဍကို ပြန်ထူမတ်ဖို့ သူ့ရဲ့အစိုးရဟာ ချဉ်းကပ်နည်း
အသစ်တခုကို အသုံးပြု လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG