သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား ကျန်းမာရေးဝန်ကြီး လျာထားသူ အမည်စာရင်း ပြန်ရုပ်သိမ်း


အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော် အခွန်ပေးဆောင်ဖို့ ပျက်ကွက်ခဲ့မှုအပေါ် မေးခွန်းထုတ်လာစရာ ဖြစ်လာခဲ့တဲ့ သမ္မတ အိုဘားမားအစိုးရမှာ ကျန်းမာရေးဝန်ကြီးအဖြစ် လျာထားခြင်းခံရသူ တွမ် ဒက်ရှဲလ် (Tom Daschle) ဟာ သူ့ကို အစိုးရအဖွဲ့ ဝန်ကြီးအမည်စာရင်း တင်သွင်းခံထားရတာကို ပြန်ပြီး ရုပ်သိမ်းသွားခဲ့ပါတယ်။

စာနဲ့ရေးထားတဲ့ ကြေညာချက်ထဲမှာ သူ့အနေနဲ့ သမ္မတအိုဘားမားရဲ့ အစီအစဉ်တွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးလို့ တွမ် ဒက်ရှဲလ်က ရေးသားဖော်ပြထားပါတယ်။

သမ္မတအိုဘားမားဟာ ရီပတ်ဘလီကန်ပါတီရဲ့ နယူးဟမ့်ရှိုင်းယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျပ်ဒ် ဂရက် (Judd Gregg) ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒီမိုကရက်သမ္မတ အိုဘားမားရဲ့ ဝန်ကြီးအဖြစ် လျာထားမှုကို ဘာကြောင့်လက်ခံခဲ့သလဲဆိုတာကို ရီပတ်ဘလီကန်အမတ် မစ္စတာဂရက်က အခုလိုပြောဆိုသွားခဲ့ပါတယ်။

“ဒီအချိန်ဟာ တိုင်းပြည်ကို ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ရမယ့်အချိန်ပါ။ ဒါကြောင့်မို့လည်း အစိုးရအဖွဲ့မှာ ပါဝင်ပါ၊ ဒီအချိန် ဒီကာလရဲ့ ပြဿနာတွေကို ကြိုးစားပြီး ဝိုင်းဝန်းဖြေရှင်းကြတဲ့အထဲမှာ ပါဝင်ပါလို့ သမ္မတကြီးက ကျနော့်ကို တာဝန်ပေးလာတဲ့အခါမှာ တာဝန်သိသိနဲ့ ဟုတ်ကဲ့ပါသမ္မတကြီးလို့ ပြန်ပြောရလိမ့်မယ်လို့ ကျနော်က ယုံကြည်ခဲ့ပါကြောင်း” နယူးဟမ့်ရှိုင်းယား အထက်လွှတ်တော်အမတ် မစ္စတာဂရက်က ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG