သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဒုသမ္မတ လေးရက်ကြာ မြန်မာ ခရီး စတင်


အိန္ဒိယ ဒုတိယ သမ္မတဟာ မြန်မာနိုင်ငံကို ၄ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ဒီနေ့စတင်ရာမှာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ဒုတိယ သမ္မတ ဟားမစ် အန်စာရီနဲ့အတူ လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် ထိပ်တန်း အိန္ဒိယ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း အတူလိုက်ပါသွားဖို့ ရှိပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း မစ္စတာ အန်စာရီဟာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပြင် အဆင့်မြင့် စစ်ဖက် အရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးလေ့ကျင့်သင်တန်းတွေ ပို့ချပေးရေးအပြင် အင်္ဂလိပ်စာ ပို့ချမှု ဌာနတခုလည်း ဖွင့်လှစ်ပေးဖို့၊ နောက် ပါဝင်မှု သဘောတူညီမှုတွေမှာ ၂နိုင်ငံခြား လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ အိန္ဒိယ ကား ကုမ္ပဏီဖြစ်တဲ့ တာတာ မော်တော်ဟာလည်း မြန်မာနိုင်ငံမှာ ထရပ်ကား စက်ရုံတည်ဆောက်ဖို့ ရှိပါတယ်။ မကြာခင်မှာလည်း အိန္ဒိယနဲ့ မြန်မာ နိုင်ငံတို့အကြား ၂နိုင်ငံ ဆက်ဆံရေးကို ပိုပြီး အားဖြည့်လာတာကို တွေ့ရပါတယ်။ ၂နိုင်ငံဟာ ကီလိုမီတာ ၁၃၀၀ ရှည်လျားတဲ့ နယ်နိမိတ်နဲ့ ပိုင်းခြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG