သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူတို လုပ်ကြံခံရမှု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပါကစ္စတန် နိုင်ငံမှာ ယခင် ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို လုပ်ကြံခံရတဲ့ ကိစ္စ မကြာခင် တရားဝင် စုံစမ်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ပါကစ္စတန် မြို့တော် အစ္စလာမ်မာဘက်မှာ မစ် ဘူတိုရဲ့ ကျန်ရစ်သူ ခင်ပွန်း လက်ရှိသမ္မတ အစစ် ဟာလီဇာဒါရီ နဲ့ တွေ့ဆုံအပြီးမှာ ဘန်ကီမွန်းက

ဒါဟာ ကမ္ဘာကြီးကို တုန်လှုပ် ဒေါသစေခဲ့တဲ့ ရာဇဝတ်မှုကြီးပါ။ ပါကစ္စတန် နိုင်ငံရော၊ ပါကစ္စတန် လူထုအတွက်ပါ အရေးကြီးတယ်ဆိုတာ ကျွန်တော် သိပါတယ်လို့ ပြောပါတယ်။

ပါကစ္စတန် စုံစမ်းရေး အဖွဲ့ကတော့ ၂၀၀၇ခု ဒီဇင်ဘာလမှာ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို တာလီဘန် သူပုန်တို့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရာတာလို့ ဆိုပါတယ်။ ဒါပေမယ့် သူဦးဆောင်တဲ့ နိုင်ငံရေး ပါတီကတော့ အတိုက်အခံတို့လည်း ပါဝင် ပတ်သက်တယ်လို့ ဆိုထားပါတယ်။

ဒီနေ့ စောစောပိုင်းမှာ ကုလသမဂ္ဂ ဘန်ကီမွန်းဟာ ပါကစ္စတန် ဝန်ကြီးချုပ် ယူစွတ် ဘရာဇာ ဂီလာလီနဲ့ တွေ့ဆုံပြီး မနှစ် နိုဝင်ဘာလက မွန်ဘိုင်းမြို့ အတိုက်ခံရတဲ့ ကိစ္စ အိန္ဒိယနိုင်ငံက စုံစမ်းတဲ့ အခါမှာ ပါကစ္စတန် နိုင်ငံက အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ပါကစ္စတန်ကို ရောက်မလာခင် အာဖဂန်နစ္စတန် နိုင်ငံကို ရောက်ရှိသွားပြီး ဟာမစ် ခါဇာအီနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG