သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ပြန်လည်ဖွံ့ဖြိုးရေး အစီအစဉ် မဲခွဲ ဆုံးဖြတ်တော့မည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား
(Barack Obama) ရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး
အောင်လုပ်မယ့် အစီအစဉ်ကို ဒီကနေ့အစော
ဆုံးထားပြီး အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်
ဖွယ်ရှိတယ်လို့ အထက်လွှတ်တော် လူများစု
ခေါင်းဆောင် ဟယ်ရီ ရိဒ် (Harry Reid) က
ပြောလိုက်ပါတယ်။

အိမ်ဝယ်သူတွေအတွက် အခွန်ငွေ ဒေါ်လာ
၁၅,၀၀၀ ကင်းလွတ်ခွင့်ပြုမယ့် ဖြည့်စွက်ချက်
တခုကို အထက်လွှတ်တော်အမတ်တွေ ဗုဒ္ဓဟူး
နေ့က တညီတညွတ်ထဲ အတည်ပြုခဲ့ကြပြီးတဲ့
နောက် မဲခွဲဆုံးဖြတ်တော့မယ့် အခြေအနေ ရောက်လာတာပါ။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်နီ အိုင်ဆက်ဆွန် (Johnny Isakson)
ကမကထပြု ပြင်ဆင်ထည့်သွင်းချက် အရဆိုရင် မစ္စတာအိုဘားမားရဲ့ ဒေါ်လာသန်း
ပေါင်း ၉၀၀,၀၀၀ ပါ စီမံကိန်းမှာ နောက်ထပ် သန်းပေါင်း ၁၉,၀၀၀ ထပ်တိုးသွားမှာ
ဖြစ်ပါတယ်။

အောက်လွှတ်တော်က အတည်ပြုပေးခဲ့ပြီးသား အစီအစဉ်ထဲမှာ ပါဝင်တဲ့
“အမေရိကန်ထုတ်ကို ဝယ်ပါ” ဆိုပြီး ခေါ်ဆိုနေကြတဲ့ အချက်မှာ အပြောင်းအလဲ
လုပ်ထားတာ တခုကိုလည်း အထက်လွှတ်တော်က တညီတညွတ်ထဲ အတည်ပြုခဲ့ပါ
တယ်။ ဒီအချက်အရ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးအောင်လုပ်မယ့် စီမံကိန်းအရ
အကောင်အထည်ဖော်မယ့် အများပြည်သူဆိုင်ရာ စီမံကိန်းတွေ အားလုံးအတွက်
အမေရိကန်မှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုဖို့ ဖြစ်ပါတယ်။

အဲဒီလို အသုံးပြုတာဟာ နိုင်ငံတကာ သဘောတူညီချက်အရ အမေရိကန်တွေ လိုက်နာ
ရမယ့် တာဝန်တွေနဲ့ လိုက်လျောညီထွေ ဖြစ်ရမယ်လို့ ဗုဒ္ဓဟူးနေ့က ပြင်ဆင်ချက်မှာ
ပါရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG