သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အာရှသွားမည်


သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)
အစိုးရက အမေရိကန်နိုင်ငံအနေနဲ့ အာရှနဲ့
ဆက်ဆံရေးကို အလေးထားကြောင်း ပြသတဲ့
အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်
(Hillary Clinton) ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်
နဲ့ အင်ဒိုနီးရှားနိုင်ငံများကို မကြာခင် သွားရောက်
မယ်လို့ ဆိုပါတယ်။

အခုလ ၁၅ ရက်နေ့မှာ အာရှခရီးစဉ်ကို စတင်
မယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်
ရောဘတ် ဝုဒ် (Robert Wood) က ပြောဆိုပါ
တယ်။

ကမ္ဘာ့ငွေကြေး အကျပ်အတည်းကိစ္စ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်
အဆုံးသတ်ရေး ကိစ္စရပ်များကို တိုကျို၊ ဆိုးလ်နဲ့ ဘေဂျင်းမြို့များမှာ သက်ဆိုင်ရာ
အစိုးရတာဝန်ခံများနဲ့ ဆွေးနွေးမယ်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်
ခရီးစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံကို ဝင်ရတာကတော့ မူဆလင်ကမ္ဘာနဲ့ ထိတွေ့ဖို့
ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဝုဒ်က ပြောပြီး အင်ဒိုနီးရှား
ဟာ ကမ္ဘာပေါ်မှာ မူဆလင်အများဆုံး နေထိုင်တဲ့နိုင်ငံဖြစ်တယ်၊ ကျမ်းသစ္စာကျိန်ဆိုပွဲ
တုန်းက သမ္မတ ဘရက်ခ် အိုဘားမားက မူဆလင်ကမ္ဘာကို လက်ကမ်းခဲ့တယ် စသဖြင့်
ထောက်ပြသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အာရှ သီတင်းတပတ်ကြာခရီးကို ဘေဂျင်း
မြို့မှာ အဆုံးသတ်ပါလိမ့်မယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG