သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဦးမော့ရေးအစီအစဉ် အထက်လွှတ်တော်မှာ ယာယီသဘောတူ


ငွေ အကြီးအကျယ် သုံးစွဲမယ့် အမေရိကန် စီးပွားရေးဦးမော့လာရေး အစီအစဉ်ကို အထက်လွှတ်တော်အတွင်း အခြေအတင် ဆွေးနွေးနေကြတာ အပေးအယူတည့်ပြီး ကနဦး သဘောတူညီမှု ရရှိသွားပြီ ဆိုတဲ့သတင်းများ ထွက်ပေါ်လာပါပြီ။ ဒေါ်လာ ဘီလီယံ ၇၈၀ သုံးစွဲရေး အပေးအယူ တည့်သွားတာဖြစ်တယ်လို့ အမည်မဖော်တဲ့ ဒီမိုကရက်တစ်သတင်းရပ်ကွက်ကို ကိုးကားကာ သောကြာနေ့ ညနေပိုင်းက အဲဒီလို သတင်းထွက်လာတာပါ။

သောကြာနေ့ အစောပိုင်းမှာ သမ္မတ ဘားရက် အိုဘားမား က အမေရိကန်တွေ အလုပ်ပြုတ်နေကြတဲ့အချိန် ဒီ စီးပွားရေးဦးမော့စေမယ့် ဥပဒေကြမ်း အတည်ပြုရေး အချိန်ဆွဲနေတာ ခွင့်မလွတ်နိုင်သလို တာဝန်မဲ့ရာလည်း ကျတယ်ဆိုပြီး ခပ်မြန်မြန် အတည်ပြုရေး တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေးစတင်ကျဆင်းကတည်းက အလုပ်ကထွက်ရသူ သုံးသန်းခြောက်သိန်း ရှိသွားပြီ။ အဲဒါကြောင့် အကျပ်အတည်းကလည်း ကြီးထွားလာနေပြီ၊ ကပ်ဆိုက်မယ့်အခြေအနေကို ဦးတည်သွားနေပြီ၊ အဲဒါကြောင့် အလျင်အမြန် လုပ်ဆောင်ကြရမယ်လို့ သောကြာနေ့က အိမ်ဖြူတော်မှာ တိုက်တွန်းခဲ့ပါတယ်။

သဘောထား ပျော့ပြောင်းတဲ့ ရီပါပလစ်ကန်အမတ်များက ဒီမိုကရက်တစ်အမတ်များနဲ့ စေ့စပ်ဆွေးနွေးကြပြီး အပေးအယူတည့်သွားတာဖြစ်လို့ မဲခွဲတဲ့အခါမှာ ရီပါပလစ်ကန်ဘက်က ကန့်ကွက်မဲ နည်းသွားလိမ့်မယ်လို့ ဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG