သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျတောမီး လူ ၁၃၀ ကျော် သေဆုံး


သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေတဲ့ မီးတွေထဲမှာ ရှို့မီးလို့ ယူဆရတဲ့ တချို့နေရာတွေက မီးတွေကြောင့် သက်သေအထောက်အထားတွေ စုဆောင်းရယူနေတာမို့ မီးလောင်ကျွမ်းတဲ့ တချို့နေရာတွေကို ရဲက မှုခင်းဖြစ်ပွားရာနေရာအဖြစ် သတ်မှတ်ထားပါတယ်။

ဗစ်တိုးရီးယားပြည်နယ်မှာ လူတွေ သေဆုံးရမှုတွေဟာ လူအများအပြားကို သတ်ဖြတ်မှုဆိုတဲ့ စကားလုံးကလွဲရင် သုံးနှုန်းစရာမရှိဘူးလို့ ဝန်ကြီးချုပ် ကယ်ဗင် ရတ်ဒ် (Kevin Rudd) က ပြောကြားသွားပါတယ်။

အခုထိ သေဆုံးသူပေါင်း ၁၃၀ ရှိသွားပါပြီ။ မီးကိုငြှိမ်းသတ်ဖို့ ကြိုးစားနေကြတဲ့ ထောင်ပေါင်းများစွာသော မီးသတ်သမားတွေဟာ မီးကို ဝိုင်းငြှိမ်းသတ်နေတဲ့ လူထုတွေကို ကူညီဖို့ စစ်တပ်တွေကို စေလွှတ်ထားတယ်လို့ မစ္စတာရတ်ဒ်က ပြောပါတယ်။ အိမ်ခြံပေါင်း ၇၅၀ မီးလောင်ကျွမ်းသွားပြီး ကယ်ဆယ်ရေးတပ်ဖွဲ့တွေက မီးလောင်သွားတဲ့ နေရာတွေကို ရှာဖွေမှုတွေ ပြုလုပ်နေပြီး သေဆုံးသူတွေရဲ့ အိမ်ခြံမြေပျက်စီးမှု အရေအတွက်ကတော့ ပိုများလာမှာ သေချာတယ်လို့ အရာရှိတွေက ဆိုပါတယ်။

မဲလ်ဘုန်းမြို့တဝိုက်မှာ မီးပေါင်း ၄၀၀ လောက် လောင်ကျွမ်းနေပြီး စတုရန်းမိုင်ပေါင်း ၂,၀၀၀ နီးပါး မီးဘေးသင့်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG