သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Football အားကစား နဲ့ ဆိုင်တဲ့ အီဒီယံအသုံးအနှုန်းများ


အမေရိကန်နိုင်ငံမှာ လူကြိုက်များတဲ့ အမေရိကန်ဘော်လုံးပွဲ (American Football) နောက်ဆုံးဗိုလ်လုပွဲ (Super Bowl XLIII) ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က တောင်ပိုင်း Florida ပြည်နယ် Tampa Bay မြို့ မှာ Pittsburgh Steelers အသင်း နဲ့ Arizona Cardinals အသင်းတို့ သဲထိပ်ရင်ဖို ကစားခဲ့ကြပါတယ်။ ရုပ်သံသတင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အတွက် လူသန်းပေါင်း ကြည့်ရှု အားပေးကြပါတယ်။ ဒီအတွက် သိမှတ်ဖွယ်ရာ အားကစားပွဲနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းများကို ထုတ်နုတ်တင်ပြပေးသွားပါမယ်။

Touch down - အောက်ကို ထိခြင်း လို့ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်ပါတယ်။ ကစားပွဲမှာတော့ ယှဉ်ပြိုင်ဖက်အဖွဲ့ရဲ့  နယ်မြေကိုဖြတ်ကျော်သယ်ယူကာ အဆုံးစည်းမှာ ဘော်လုံးကို ချနိုင်ရင် အမှတ်ရခြင်း ဖြစ်ပါတယ်။ အမေရိကန်ဘော်လုံးပွဲမှာ ဘော်လုံးကို လက်နဲ့ပိုက်ပြီးသယ်နိုင်သလို၊ အဝေးကိုပစ်ပေးနိုင်ပါတယ်။ တသင်းမှာ ကစားချိန်မှာ ကစားသမား (၁၁) ယောက်စီ ရှိပြီး ကစားချိန် ၁၅ မီနစ် လေးကြိမ် ကစားရတာဖြစ်သလို နှစ်ကြိမ်ပြီးရင်တော့ အားလပ်ချိန် ရှိပါတယ်။ အသင်းသားက ပြိုင်ဖက်အသင်းဖက်စီ ဘော်လုံးကိုသယ်ယူနိုင်တယ်၊ ကိုယ့်အသင်းက ပစ်ပေးတာကို ပြိုင်ဖက်အသင်း နောက်ဆုံးဂိုးစည်းဧရိယာအတွင်းမှာ ဖမ်းယူနိုင်တယ်ဆိုရင် touch down လို့ ခေါ်နိုင်ပါတယ်။ ရရှိတဲ့ အမှတ်က (၆) မှတ် ဖြစ်ပါတယ်။

အီဒီယံ အဓိပ္ပါယ်ကတော့ တခုခုကို ကြိုးစားလုပ်ရာမှာ အောင်မြင်မှု ရရှိခြင်းကို ဆိုလိုပါတယ်။ ဘော်လုံးပွဲမှာ touch down လုပ်နိုင်က အမှတ်ရသလို နေစဉ်ဘဝမှာလည်း တခုခုကို ကြိုးစားပြီးရလိုက်ရင် အောင်မြင်မှုကို ရတာကို ဆိုလိုပါတယ်။ ခေတ်စကားအရတော့ အမှန်အကန် ဖြစ်တာပေါ့။

"You scored the touch down when you hired Jane. She is a great accountant."
"ခင်များ ဂျိမ် ကို အလုပ်ခန့်လိုက်တာ သိပ်ကို အမှန်အကန်ပါဘဲ။ သူက သိပ်ကိုတော်တဲ့ စာရင်းကိုင် တဦးပါ။"

Kick off - အဝေးကို ကန်လိုက်ခြင်းလို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အမေရိကန်ဘော်လုံးပွဲမှာတော့ kick off က ဘော်လုံးပွဲအစမှာ ဘော်လုံးကို တဖက်အသင်းရဲ့  ကွင်းဖက်စီကို စပြီး ကန်လိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ တနည်းအားဖြင့် ဘော်လုံးပွဲ စ တင်ခြင်းပေါ့။

အီဒီယံအဓိပ္ပါယ်ကတော့ လုပ်ငန်းတခုခုကို စတင်ဆောင်ရွက်တဲ့အချိန် ကို ဆိုလိုပါတယ်။

"The kick off date for the paper mill project is April 1st."
"စက္ကူစက်ရုံစီမံကိန်း စတင်မယ့် ရက်က ဧပြီလ ၁ ရက်နေ့ဖြစ်ပါတယ်။"

Game plan - ကစားပွဲအစီအစဉ် လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ပြိုင်ဖက် အားကစားအသင်းနှစ်သင်းရှိရာမှာ အသင်းသားတွေ နဲ့ အသင်းနည်းပြတွေ ပွဲမစမီ ဘယ်လိုအကွက်ချ ကစားမလဲ၊ ဘယ်သူက ဘယ်သူကိုကြည့် ကာကွယ်ထိန်း စတဲ့ အစီအစဉ်ဗျူဟာတွေ ချမှတ်တာကို game plan လို့ ခေါ်ပါတယ်။

အီဒီယံသဘောအရတော့ စစ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေး၊ ကိုယ်ရေးကိုယ်တာမှာပဲဖြစ်ဖြစ် လူတိုင်းဟာ အကွက်ချ၊ အစီအစဉ်ချ လုပ်ကိုင်ကြတာကို game plan လို့ ခေါ်ပါတယ်။

"What is your game plan for retirement? Now the stock prices have gone down. Most of your savings are gone. You might have to work a few more years before you can retire."
"ခင်များ ပင်စင်ယူမယ့် အစီအစဉ်က ဘယ်လိုလဲ။ စတော့ဈေးတွေကလည်း ကျဆင်းနေတော ခင်များ စုဆောင်ငွေတွေလည်း ကုန်လုနီးရောပေါ့။ အနားမယူသေးပဲ နှစ်အနည်းငယ် ထပ်ပြီး အလုပ်ဆက်လုပ်ရမယ့်ပုံပေါ်နေတယ်။"

Team player - ကစားပွဲ အသင်းဝင်းကစားသမား (အသင်းသား) လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ အုပ်စုနဲ့ အဖွဲ့နဲ့ ဆောင်ရွက်ရာမှာ အသင်းနဲ့ပူးပေါင်းဆောင်ရွက်တက်သူ၊ အလိုက်အထိုက်လုပ်တက်သူ၊ ယိုင်းပင်တက်သူ၊ မခိုမကပ်ပဲ အလုပ်ဖြစ်အောင် ဝိုင်ပြီးလုပ်ကိုင်စိတ်ရှိသူ ကို ဆိုလိုပါတယ်။

"John is a team player. We are very lucky to have him. He helps us whenever we are short of people and gets things done."
"ဂျွန်ဟာ အလွန်အလိုက်သိပြီး ယိုင်းပင်ကူညီတက်သူပါ။ သူကို ကျနော်တို့ရတာ တို့တတွေ သိပ်ကံကောင်းပါတယ်။ လူလိုတိုင်း အမြဲအကူအညီပေးတယ်၊ အလုပ်တွေပြီးအောင်လည်း လုပ်ပေးတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG