ဖေဖော်ဝါရီ ၉၊ ၂၀၀၉ - မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့မှုဟာ အလုပ်အကိုင်နဲ့
လူ့အခွင့်အရေးကို ဆုံးရှုံးစေပြီး ဒီမိုကရေစီ
ဖြစ်ပေါ်တိုးတက်မှုကို ဟန့်တားရာ၊ လူသား
ချင်းစာနာမှု ကင်းမဲ့ရာရောက်တယ်လို့ မြန်မာစစ်အစိုးရဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီး
သိန်းစိန်ကပြောပါတယ်။
မြန်မာနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံရေးတည်ငြိမ်စေချင်တယ်ဆိုရင်
စီးပွားရေးပိတ်
ဆို့မှုတွေ ဖယ်ရှားပေးဖို့ ကုလသမဂ္ဂက အရင်ဆုံး ကြိုးပမ်းသင့်တယ်လို့လည်း
ပြောပါ
တယ်။
ဒီလိုပြောတာတွေအပေါ် မြန်မာ့အရေးစောင့်ကြည့် လေ့လာသူ အမေရိကန်ပါမောက္ခ
နှစ်ယောက်ရဲ့
အမြင်တွေကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါ
တယ်။