သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား စီးပွားရေးအစီအစဉ် အထက်လွှတ်တော် အတည်ပြု


အမေရိကန်နိုင်ငံမှာ အလုပ်အကိုင်သစ်တွေ သန်းနဲ့ချီကာ ဖန်တီးပေးပြီး နိုင်ငံကို
စီးပွားရေးကျဆင်းမှုကနေ ကယ်တင်ရေးကို ဦးတည် အထောက်အကူပြုလိမ့်မယ်လို့
သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ဆိုထားတဲ့ စီးပွားရေးဦးမော့
စေမယ့် အစီအစဉ်အတွက် ဒေါ်လာ ၈၃၈ ဘီလီယံ သုံးစွဲဖို့ အမေရိကန် အထက်
လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

အစိုးရရဲ့ သုံးစွဲမှုနဲ့ အခွန်စည်းကြပ်မှု ဖြတ်တောက်ရေး ဥပဒေကြမ်းကို အမေရိကန်
အထက်လွှတ်တော်အတွင်း ထောက်ခံမဲ ၆၁ မဲ၊ ကန့်ကွက်မဲ ၃၇ မဲနဲ့ အတည်ပြုလိုက်
တဲ့အခါ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ၃ ယောက်က ဒီမိုကရက်တို့နဲ့
အတူ ထောက်ခံမဲပေးကြပါတယ်။

ဖလော်ရီဒါပြည်နယ်ကို ရောက်ရှိနေတဲ့ သမ္မတ ဘရက်ခ် အိုဘားမားက အထက်
လွှတ်တော်အတွင်း ထောက်ခံမှုသတင်းကို ကြိုဆိုလိုက်ပြီး ဒါဟာ အစကောင်းပဲ
ရှိသေးတယ်၊ လုပ်စရာတွေ အများကြီးကျန်နေသေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

အထက်လွှတ်တော်က သုံးစွဲခွင့်နဲ့ အောက်လွှတ်တော်က သုံးစွဲခွင့် ငွေနှစ်ရပ်ကြား
အပေးအယူ လုပ်ပြီးမှသာလျှင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုးပြီးနောက်
ဥပဒေဖြစ်လာပါလိမ့်မယ်။

အမေရိကန်နိုင်ငံမှာ ဘဏ်လုပ်ငန်း ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြုစေမယ့်
စီမံချက်အတွက် ဒေါ်လာ ဘီလီယံ ၂,၀၀၀ သုံးစွဲဖို့ လိုအပ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး
တင်မိုသီ ဂိုက်သ်နာ (Timothy Geithner) က အင်္ဂါနေ့မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG