သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို အတွင်းရေးမှူးချုပ် ခုခံကာကွယ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
(Mr. Ibrahim Gambari) ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အပြည့်အ၀ မကျေနပ်
တာတွေ ရှိနိုင်တယ်ဆိုရင်တောင် ခရီးစဉ်အတွင်းမှာ ကောင်းကောင်းမွန်မွန် ဆွေးနွေး
ပွဲတွေ လုပ်နိုင်ခဲ့တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က
ပြောဆိုသွားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်တွေကနေ မြန်မာစစ်အစိုးရနဲ့ အတိုက်အခံ
တွေအကြား ပြန်လည်သင့်မြတ်ရေးနဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ သူ့အနေနဲ့
မျှော်လင့်တဲ့အကြောင်းလည်း မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေး
မှူးချုပ် ဘန်ကီမွန်း ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အတိုက်အခံ နှစ်ဖက်စလုံးက ကြိုတင်စည်းကမ်းသတ်မှတ်
ချက် မထားဘဲ ခြေခြေမြစ်မြစ် တွေ့ဆုံဆွေးနွေးဖို့လည်း မစ္စတာဘန်ကီမွန်းက
တိုက်တွန်းလိုက်ပါတယ်။

အီဘရာဟင်မ် ဂမ်ဘာရီဟာ သူ့ရဲ့ခရီးစဉ်အတွင်း အတိုက်အခံခေါင်းဆောင်၊
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့တော့ တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအနေနဲ့ ၁၉၉၀
ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့
လိုအပ်တဲ့အကြောင်း မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံတဲ့အချိန် ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG