သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ် ရွေးကောက်ပွဲရလဒ် မပြတ်သေး


အစ္စရေးနိုင်ငံမှာကျင်းပခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲတွေမှာ နိုင်ငံခြားရေးဝန်ကြီး ဇစ်ပီ
လစ်ဗ်နီ (Tzipi Livni)၊ အတိုက်အခံခေါင်းဆောင် ဘန်ယာမင် နေတန်ယာဟူး
(Benjamin Netanyahu) တို့နှစ်ဦးလုံး အနိုင်ရရှိခဲ့ကြပါတယ်။ ဒီနေ့ အစောပိုင်း မဲ
အားလုံးရဲ့ ၉၉% ရေတွက်အပြီးမှာတော့ မစ္စလစ်ဗ်နီရဲ့ အလယ်အလတ်လမ်းစဉ်
ကာဒီးမားပါတီက မစ္စတာ နေတန် ယာဟူးရဲ့ လီကွတ်ပါတီကို အမတ်တစ်နေရာနဲ့
အသာရနေပါတယ်။

ဘယ်ပါတီကမှတော့ လွှတ်တော်ရဲ့ အမတ်နေရာအများစုကို မရရှိပါဘူး။ ဒါပေမယ့်
လီကွတ်ပါတီ အပါအဝင် အမျိုးသားရေးဝါဒီ ဘာသာရေးကိုင်းရှိုင်းတဲ့ပါတီက လွှတ်တော်
ရဲ့ နေရာ ၁၂၀ ထဲက ၆၅ နေရာကို ရရှိထားပါတယ်။

ဒါကြောင့်မို့ မစ္စလစ်ဗ်နီအတွက် အာဏာရ ညွှန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းရဖို့ ခက်ခဲပါ
လိမ့်မယ်။ မစ္စတာနေတန် ယာဟူးက နောက်တက်မယ့် ဝန်ကြီးချုပ်ဖြစ်ဖို့ မျှော်လင့်
တယ်လို့ပြောပါတယ်။ လက်ယာဘက်ယိမ်းတဲ့ ပါတီတွေက အသေအချာကို အများစု
ဖြစ်နေတာပဲလို့ သူကပြောပါတယ်။ မစ္စလစ်ဗ်နီကတော့ အစ္စရေးပြည်သူတွေဟာ
နောက်အစိုးရအဖွဲ့ကိုဦးဆောင်ဖို့ ကာဒီးမားပါတီကို ရွေးချယ်ခဲ့တာလို့ပြောပါတယ်။
သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားညီညွတ်ရေး ညွှန့်ပေါင်းအဖွဲ့နဲ့ အတူ ပူးပေါင်း
ဖို့ မစ္စတာ နေတန် ယာဟူးကို သူက တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG