မြန်မာနိုင်ငံမှာ
စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သားအုပ်ချုပ်မှုကို ပြောင်းလဲပစ်ဖို့ မဖြစ်
မနေ လိုအပ်နေတယ်လို့
မဆလ (မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) တဖြစ်လဲ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက
ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ
မြန်မာပိုင်းနဲ့ သီးခြားဆက်သွယ်မေးမြန်းခန်းတခုမှာ စစ်အစိုးရရှိနေတဲ့အတွက်
လက်ရှိ
မြန်မာနိုင်ငံမှာ ပြဿနာမျိုးစုံနဲ့ ကြုံနေရတာဖြစ်တယ်လို့ မဆလ နိုင်ငံခြားရေးဝန်ကြီး
ဟောင်း၊
တစည ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးချစ်လှိုင်က ပြောပါတယ်။ အခု စစ်အစိုးရ
ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံမှာ
တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှတဲ့ အခွင့်
အရေးတွေ၊ ကိုယ်ပိုင်အခွင့်အရေးတွေ
ပါဝင်တယ် ထင်ပါသလားလို့ မသင်းသီရိက
မေးတဲ့အခါ ဦးချစ်လှိုင်က အခုလို စဖြေပါတယ်။
"ဒါတော့
ယူဆပါတယ်။ ယူဆလို့လည်း ကျနော်တို့ ထောက်ခံခဲ့တာပေါ့လေ။ ကျနော်တို့
အယူအဆက ကိုယ်အာဏာရရင်၊
နိုင်ငံရေးပါတီဆိုတာ ဒါပေါ့၊ လွှတ်တော်ဝင်ဖို့ လုပ်
နေကြတယ်ပေါ့ဗျာ၊ ရှင်းရှင်းပြောရင်၊
ရွေးကောက်ပွဲတွေကနေ လွှတ်တော်ဝင်ကြ၊
တတ်နိုင်ရင် အစိုးရဖွဲ့မယ်၊ မတတ်နိုင်ရင် အတိုက်အခံလုပ်မယ်၊
ဒါပဲပေါ့။ သို့သော်
အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ် ရှိလာလို့ရှိရင် ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အတွင်းမှာတော့
ပြည်သူတွေအတွင်းမှာ တိုင်းရင်းသားလူမျိုးစုအကုန်က ညီညွတ်ရမယ်၊ ဒါ့ကြောင့်
နာမည်ပေးတာကိုက
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆို ပေးထားတာကိုး။"
အခုလက်ရှိ အနေအထားမှာရော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ
တန်းတူညီမျှ
မှုမရှိဘူးလို့ ဆိုနိုင်မလားရှင့်။
အခုမရှိဘူးလို့
ကျနော် မပြောလိုပါဘူး။ အခုဟာက ဘာပဲဖြစ်ဖြစ် နံပါတ်တစ်ကတော့၊
ဒါကတော့ ကျနော် ပြောင်ပြောင်တင်းတင်း
ပြောရဲပါတယ်။ စစ်ဘက် အုပ်ချုပ်နေတာ
သည် သဘာဝမကျဘူး။ ဗမာပြည်မှာ ယနေ့တွေ့ရှိနေသော အခက်အခဲ
တော်တော်များ
များဟာ စစ်ဘက်အုပ်ချုပ်နေလို့ တခြားနိုင်ငံတွေက မကြိုက်ကြလို့၊ မလိုလားကြလို့၊
နှိပ်ကွပ်ထားလို့၊ ရှင်းရှင်းပြောမယ်၊ Sanctions ဘာညာဆိုတာ၊ စစ်အစိုးရ မကြိုက်တာ
ကတော့
တကမ္ဘာလုံး ဘယ်သူမှမကြိုက်ဘူး။ မကြိုက်ပေမယ့် အကြောင်းကြောင်း
ကြောင့်ဖြစ်လာတယ်၊ ဖြစ်လာပြီးလို့
စစ်အစိုးရကနေပြီးတော့ အရပ်သားအစိုးရဘက်
ကို ပြောင်းမယ်ဆိုတာနဲ့ အဲဒါဟာ ကောင်းသောပြောင်းလဲခြင်း
ဆိုတာကို လက်ခံလို့
ကျနော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံခဲ့တာပဲ၊ ဒါပဲ။"
ဟုတ်ကဲ့၊ စစ်တပ်အုပ်ချုပ်ရာကနေပြီးတော့ အရပ်သားအုပ်ချုပ်မှုအခြေအနေကို
ပြောင်းဖို့အတွက် လူထုလက်ခံနိုင်မယ့် ရွေးကောက်ပွဲအစစ်အမှန်တွေ၊ အားလုံး တန်း
တူညီမျှပါဝင်နိုင်တဲ့
ရွေးကောက်ပွဲတွေ ဖြစ်လာပါ့မလား။
"ဒါက
ဖွဲ့စည်းပုံအရပေးထားတဲ့ တပ်မတော်က လေးပုံတပုံရှိတာပေါ့ဗျာ၊ ဒါ ထားတော့
ဟုတ်လား။ သို့သော်
ဘာပဲဖြစ်ဖြစ် လေးပုံတပုံဟာ လေးပုံတပုံစာပဲ အာဏာရှိမှာပေါ့။
လွှတ်တော်ရယ်လို့ဖြစ်လာရင်
လူတွေဟာ ကိုယ့်ရဲ့အယူဝါဒ၊ ကိုယ့်ရဲ့အစွဲအလန်း၊
ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်း၊ လွတ်လွတ်လပ်လပ်ပြောနိုင်တဲ့
အခွင့်အရေးရှိပြီးသား။
ပြောလည်းပြောကြမှာပဲ။ ဒါ့ကြောင့် ဒီအခွင့်အရေးရှိလာခြင်းသည်
ဒီမိုကရေစီအရ
ပြောနိုင်ဆိုနိုင်တဲ့အခွင့်အရေး ရလာကြတာပဲဆိုပြီး ကျနော်တို့က ကျေကျေနပ်နပ်
လက်ခံထားတာဖြစ်ပါတယ်။"
အားလုံး တန်းတူညီမျှ၊ အထူးသဖြင့် အတိုက်အခံအဖွဲ့အစည်းတွေ
မပါနိုင်တဲ့ လွှတ်တော်
တရပ်၊ ရွေးကောက်ပွဲတရပ်၊ နောက် လူထုရွေးချယ်တဲ့ လွှတ်တော်ကိုယ်စား
လှယ်တွေ
မပါတဲ့ဟာဟာ တန်းတူညီမျှမှုရှိတယ်လို့ ပြောနိုင်ပါ့မလား …
"……..
တသက်မဖြစ်ဘူး၊ အတိုက်အခံမရှိတဲ့လွှတ်တော် တသက်မဖြစ်ဘူး။ ကျနော်တို့က
လည်း နေရာတိုင်း
ကိုယ်ရမယ်လို့ မပြောလဲ မပြောရဲဘူး၊ ရလည်း ရမှာမဟုတ်ဘူး
သိတယ် …."
ဒါပေမယ့် အခုပြောနေတဲ့ ရွေးကောက်ပွဲတွေလုပ်မယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း
အားလုံး အတိုက်အခံတွေ မပါဝင်နိုင်တာမျိုးတွေလည်း ဖြစ်နေတယ်၊
တိုင်းရင်းသားတွေ
ကလည်း တချို့တွေက လက်မခံတာတွေရှိတယ်၊ အဲလိုမျိုး အမျိုးမျိုး …..
"ဒီမှာ
ဒီမှာ၊ ဒါက ဒါကရှင်းတယ်၊ ဒါတော့မပြောနဲ့၊ ဒါပြောရင် ခင်ဗျား ရန်တောင်ဖြစ်ရ
မယ်၊ ဘာဖြစ်လို့လည်းဆိုတော့
ရွေးကောက်ပွဲရယ်လို့ရှိတယ်၊ ရှိတဲ့ရွေးကောက်ပွဲကို
ယုံရင် ဝင်၊ မယုံရင် မဝင်နဲ့၊ မယုံလို့
မဝင်ရင် မဝင်ဘဲနဲ့ ဘာမှ ဝင်မပြောနဲ့၊ ဝင်ရင်တော့
ပြော။ နောက်ပြီးတော့ ရွေးကောက်ပွဲဆိုကတည်းက၊
ဒါတော့ ကျနော်တို့ရဲ့ ယုံကြည်မှုပါ၊
နှစ်ပေါင်းများစွာ၊ အင်္ဂလိပ်ခေတ်ကတည်းက လုပ်လာတာပါလေ၊
လွတ်လပ်ရေးရပြီး
တော့လည်း လုပ်လာတာပဲ၊ တည်မြဲတွေ မဲရမလိုနဲ့ နောက်ဆုံးကျ သန့်ရှင်းက
ရသွား
တာပဲ။ အဲဒါမျိုးပေါ့။ ဗမာလူမျိုးက ရွေးကောက်ပွဲ မှန်မှန်ကန်ကန်သာလုပ်၊ လွတ်လပ်
တဲ့
ရွေးကောက်ပွဲသာလုပ်၊ သူ့ရဲ့စိတ်ကြိုက်၊ သူ့ရဲ့ဆန္ဒအရ သူ ယုံကြည်ရာ ယုံကြည်ရာ
မဲပေးမှာတော့
စိတ်ချ။"
ဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရဲ့အဖြေက အကောင်အထည်
ခုထက်ထိ မပေါ်လာတာ
ကရော ဘယ်လို သုံးသပ်ချင်ပါလည်းရှင့်။
"ဒါကိုမပြောနဲ့တော့၊
ဒါ ကျနော်နဲ့မဆိုင်ဘူး။ ကျနော်နဲ့မဆိုင်တာ လာမမေးနဲ့။ ဒါ ကျနော်
နဲ့ ဆိုင်ကိုမဆိုင်ဘူး။
ကျနော်တို့ ပြောချင်တာကတော့ တခုပဲရှိတယ်၊ ၉၀ က ရွေး
ကောက်ပွဲရလဒ်က အတည်မဖြစ်ခဲ့တာသည်
အကြောင်းကြောင်းကြောင့် ဖြစ်ပါလိမ့်
မယ်၊ သို့သော် ဒါသည် အာဏာပိုင်တို့ရဲ့တာဝန်၊ ကျနော်တို့မှာ
တာဝန်မရှိ၊ သိလည်းမသိ၊
သို့သော် ကျနော်တို့ တခုပြောချင်တာကတော့ ၉၀ ကရွေးကောက်ပွဲကို
ဒီနေ့ တောင်း
နေတာကတော့အဓိပ္ပါယ်မရှိတော့ဘူး။ ရလဒ်တော့ မတောင်းနဲ့တော့၊ ဘာလို့လည်း
ဆိုတော့
၉၀၊ ခု ၂၀၀၉၊ စဉ်းစားကြည့် ၁၉ နှစ်၊ ဒီကြားထဲမှာ အဲဒီရွေးကောက်ပွဲပြီးမှ
မွေးတဲ့လူတွေက
ခု မဲပေးခွင့်ရှိနေပြီ။"
ခု အားလုံးကို ချုပ်ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေဟာ
တန်းတူညီမျှရှိတဲ့
ပြည်ထောင်စုနိုင်ငံတော်တခုအဖြစ် မကြာခင် ဒီရွေးကောက်ပွဲကြီးကနေ ဖော်ဆောင်
နိုင်မယ်လို့ ယူဆပါလားရှင့်။
"ကျနော်က
အခြေခံဥပဒေမှာတော့ တိုင်းရင်းသားတွေ ညီညွတ်မှုတွေက ပါပြီးသားပါ၊
ရှိပါတယ်၊ ရှိပါတယ်၊
ရှိရက်သားနဲ့ ခုဖြစ်နေတာက လက်နက်မချသေးတဲ့ လူတွေရယ်၊
လက်နက်ချသော်လည်းပဲ အကြောင်းကြောင်းကြောင့်
ပေကပ်နေတဲ့လူ၊ မပြောတတ်
ဘူးလေ၊ ဒါကတော့ သူတို့ပြဿနာက သူတို့ပြဿနာပါ။ တိုင်းရင်းသား ညီညွတ်မှုမရှိ
အောင်
လုပ်နေတာက၊ တိုင်းရင်းသားညီညွတ်မှုကို သိပ်မလိုလားတဲ့လူတွေပေါ့လေ၊
သိပ်ပြီးတော့ မမျှသေးဘူးလို့
ထင်တာပေါ့။ ဒီဟာကတော့ ကျနော် ထင်တယ်၊ ရိုက်ပြီး
မျှခိုင်းလို့ ရချင်မှရမယ်၊ ဟောတဲ့
ပြောတဲ့လူ စေ့စပ်ပေးဖို့ ဆွေးနွေးပေးဖို့လိုမယ်၊ ဒါတွေ
လုပ်တာလည်း လုပ်နေကြတယ် ထင်ပါရဲ့၊
ဒါ ကျနော်သိတာပဲ၊ ကျနော်တို့ အာဏာပိုင်
မဟုတ်တော့ မသိပါဘူး။"