သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွါး ပြန်လည်ဦးမော့ရေး အစီအစဉ် အမေရိကန် လွှတ်တော် ၂ ရပ် လုံး သဘောတူပြီ  


အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ ဟာ စီးပွါးရေး ပြန်လည် ဦးမော့လာရေး အစီအစဉ်အပေါ် သဘောတူညီချက် တစ်ရပ်ရရှိကြောင်း ကျေညာပါတယ်။ အဲဒီ အစီအစဉ် ဟာ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် မှာ နောက်ဆုံး မဲပေးဖို့အတွက် ရောက်ရှိနေပါပြီ။

စေ့စပ်သဘောတူထားတဲ့ အစီအစဉ် ဟာ အလုပ်ပေါင်း ၃ သန်း ခွဲ ကို ဖန်တီးပေးပါလိမ့်မယ်လို့ အထက်လွှတ်တော် ဒီမိုကရက် အမတ်အများစု ခေါင်းဆောင် Harry Reid က ဗုဒ္ဓဟူးနေ့ နေ့လည် သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။ အဲဒီအစီအစဉ် အရ ဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ စီးပွါးကျဒဏ် ကို ခံနေရသူတွေအတွက် ငွေကြေးထောက်ပံ့တာ ပါဝင်ပါတယ်။ ပြည်နယ် ဘတ်ဂျက်တွေအတွက် ရံပုံငွေထည့်ပေးသလို၊ စီးပွါးရေး လုပ်ငန်းတွေ နဲ့ လူတစ်ဦးချင်းအတွက်လည်း ဝင်ငွေခွန် ကို လျှော့ပေါ့ ဖြတ်တောက်ပေးမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် တို့ က မတူတဲ့ အစီအစဉ်တွေ ကို ပြဌာန်းလိုက်တာကြောင့် လွှတ်တော် ၂ ရပ် က ညှိုနှိုင်းသူတွေ က စေ့စပ်ထားတဲ့ အစိအစဉ်တစ်ရပ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီ ဦးမော့ရေး အစီအစဉ် က ဒေါ်လာ သန်းပေါင်း ၇ သိန်း ၉ သောင်း ကုန်ကျခံမှာဖြစ်ပါတယ်လို့ အစိအစဉ် ကို ထောက်ခံခဲ့သူ မိန်းပြည်နယ် ရီပါဘလီကန် အမတ် ဆူဆန်ကောလင်း က ပြောပါတယ်။ အထက်လွှတ်တော် က အတည်ပြုလိုက်တဲ့ အစီအစဉ်ထက် ဒေါ်လာ သန်းပေါင်း ၅ သောင်း လျော့နည်းပါတယ်။

နောက်အပတ် မှာ သမ္မတ က အဲဒီ ပြဌာန်းချက် ကို လက်မှတ်ထိုးမယ်လို့ လွှတ်တော်ခေါင်းဆောင်တွေ က မျှော်လင့်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG