သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဂြိုဟ်တုနဲ့ ဆိုဗီယက်ဂြိုဟ်တုဟောင်း အာကာသထဲ တိုက်မိ


အသုံးမပြုတော့တဲ့ ရုရှားဆက်သွယ်ရေး ဂြိုဟ်တုတစင်းက အာကာသထဲ လှည့်ပတ်နေ
တဲ့ အမေရိကန်ဂြိုဟ်တုကို ၀င်တိုက်ခဲ့တာကြောင့် နိုင်ငံတကာ အာကာသစခန်း
အတွက် အန္တရာယ်ရှိလာနေပါတယ်။

အာကာသထဲမှာ ဂြိုဟ်တုနှစ်လုံး တိုက်မိတဲ့ဖြစ်ရပ်ဟာ ဒါပထမဆုံးပဲလို့ အမေရိကန်
တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဂြိုဟ်တုနှစ်လုံးဟာ ရုရှားနိုင်ငံ။ ဆိုက်ဘေးရီးယား
ဒေသအထက် မိုင် ၅၀၀ နီးပါးလောက်မှာ အင်္ဂါနေ့က တိုက်မိခဲ့တဲ့အချိန်မှာ ပေါက်ကွဲသံ
ကြီးထွက်ပေါ်ပြီးတော့ အပျက်အစီး အပိုင်းအစတွေ လွင့်စင်ကျလာခဲ့ပါတယ်။

ပျက်စီးသွားပြီးတော့ လေထဲမျောနေတဲ့ အပိုင်းအစတွေဟာ ဂြိုဟ်တုနှစ်လုံးတိုက်မိတဲ့
နေရာနဲ့ နည်းနည်းနိမ့်တဲ့နေရာမှာ လှည့်ပတ်နေတဲ့ နိုင်ငံတကာ အာကာသယာဉ်
အတွက် အန္တရာယ်နည်းနည်းရှိတယ်လို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက
ပြောပါတယ်။

တိုက်မိတဲ့ပမာဏ အပြည့်အ၀ကို သိဖို့ကတော့ သီတင်းပတ်အတော်ကြာမယ်လို့
နာဆာကပြောပါတယ်။

ဂြိုဟ်တုအဟောင်းတွေနဲ့ မီးလောင်ကျွမ်းပြီးသား ဂြိုဟ်တုလွှတ်ဒုံးပျံတွေ အပါအ၀င်
ထောင်သောင်းချီတဲ့ အပျက်အစီး အစအနတွေဟာ ကမ္ဘာကိုလှည့်ပတ်နေတယ်လို့
သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG