သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းတိုက်ခိုက်မှု ပါကစ္စတန် ပတ်သက်


မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှု တစိတ်တပိုင်းကို ပါကစ္စတန်နိုင်ငံမှာ စီစဉ်ခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ဟာ အပြုသဘော ဆောင်တယ်ဆိုကာ အိန္ဒိယနိုင်ငံက ကြိုဆိုလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံအနေနဲ့ သူ့မြေပေါ်က အကြမ်းဖက်မှု အခြေခံအဆောက်အအုံကို ဖျက်သိမ်းရေး ခြေလှမ်းလိမ့်မယ်လို့ အိန္ဒိယနိုင်ငံက မျှော်လင့်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

မွမ်ဘိုင်းမြို့တိုက်ခိုက်မှု အစီအစဉ်တပိုင်းကို ပါကစ္စတန်နိုင်ငံမှာ ချမှတ်ခဲ့တယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး အကြီးအကဲ ရာမန် မာလစ်ခ် (Rehman Malik) က ကြာသပတေးနေ့ စောစောပိုင်းက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

မသင်္ကာရသူ ၆ ယောက်ကို ဖမ်းဆီးလိုက်တဲ့အထဲ တရားမဝင်အသင်းအဖြစ် ကြေညာထားတဲ့ လက်ရှ်ကာ အီး တိုင်ဘာနဲ့ အဆက်အစပ်ရှိတယ်လို့ စွပ်စွဲခံရသူ ဂိုဏ်းခေါင်းဆောင်ကိုလည်း ဖမ်းဆီးလိုက်ကြောင်း သူက ဆက်ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်တဲ့ သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် မွမ်ဘိုင်းမြို့မှာ လူ ၁၇၀ ကျော် သေဆုံးပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့လည်း နောက်ပိုင်းမှာ တင်းမာခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG