သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို မောင်းထုတ်ခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ဝန်ခံ


ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေဘက်က လှေပေါ်တင်ပြီး ပင်လယ်ထဲ အတင်းပြန်လွှတ်ကောင်း လွှတ်ခဲ့နိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပွင့်ပွင့်လင်းလင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။

ထိုင်းစစ်တပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို အဲဒီလို လှေပေါ်တင်ပြီး ပင်လယ်ထဲ မျောလိုက်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေ အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့အတွက် ထိုင်းအစိုးရအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို အဲဒီလို ပင်လယ်ထဲပြန်လွှတ်ဖို့ ဘယ်အစိုးရဌာနကမှ အမိန့်ထုတ်ပြန်ခဲ့တယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပါတယ်လို့ စီအဲန်အဲန် ရုပ်မြင်သံကြားနဲ့ သီးခြားပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝချာချီ၀ က ပြောပါတယ်။

သက်ဆိုင်ရာအာဏာပိုင်တွေက ထိုင်းကမ်းခြေဘက် ရောက်လာသူတွေကို ပင်လယ်ထဲ ပြန်လွှတ်ခဲ့တယ် ဆိုတဲ့ ပေါ်လစီမျိုး မရှိဘူးလို့ ငြင်းဆိုနေကြပေမယ့် အဲဒီလို ဖြစ်ခဲ့တယ်ဆိုတာ ယုံကြည်ရလောက်တဲ့ အကြောင်းပြချက်တွေ သူ တွေ့ရှိထားတဲ့ အကြောင်း နဲ့ ဒီကိစ္စ ဘယ်သူ့လက်ချက်လည်းဆိုတာ သိရင် အဲဒီတာဝန်ရှိသူကို အရေးယူမယ့်အကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG