သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား မြန်မာပြည်သွားမည်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ အခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါတယ်။ သူ့ရဲ့ခရီးစဉ် အဓိက ရည်ရွယ်ချက်ကတော့ - သူ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ နွေရာသီက သွားရောက်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် - ပြီးမြောက်အောင် ဆောင်ရွက်ဖို့ ထောက်ခံတင်ပြခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေခံအချက် ၄ ချက်ကို အာဏာပိုင်တွေ ဘယ်လောက်ထိ ဆောင်ရွက်ခဲ့ပြီးပြီလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာ အရာရှိတွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

အဲဒီအချက် ၄ ချက်ကတော့ - ပြည်တွင်းဥပဒေတွေကို နိုင်ငံတကာ လူ့အခွင့်အရေးစံတွေနဲ့ ကိုက်ညီအောင်ပြင်ဆင်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ထဲမှာ လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေ ထည့်သွင်းဖို့၊ ယုံကြည်မှုကြောင့် အကျဉ်းချ ခံနေရသူတွေကို လွှတ်ပေးဖို့၊ စစ်တပ်အတွင်းမှာ လူ့အခွင့်အရေးသင်တန်းပေးပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ နဲ့ တရားစီရင်ရေး လွတ်လပ်မှု ရှိစေဖို့တို့ပဲ ဖြစ်ပါတယ်။ မစ္စတာ အိုဟေး ကင်တားနား ဟာ နိုင်ငံရေး ပါတီခေါင်းဆောင်တွေ၊ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသူတွေနဲ့လည်း လွတ်လပ်စွာ တွေ့ဆုံခွင့်ရဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့ကိုလည်း သွားရောက်လည်ပတ်ဖို့ ကိုလည်း ရည်ရွယ်ထားကြောင်း ကုလသမဂ္ဂ ပြန်ကြားရေးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG