သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘိန်းနဲ့မူးယစ်ဆေးဝါး မြန်မာပြည်တိုးမြင့်ထုတ်လုပ်နေ


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ဘိန်းဖြူ ၁၄၈ ကီလိုဂရမ်ကို ဖမ်းဆီးရမိပြီး မူယစ်ဆေးဝါး မှောင်ခိုထုတ်သူ ၂၈၄ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ မြန်မာအစိုးရ သတင်းတွေမှာ သောကြာနေ့က ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာလတုန်း က မူးယစ်ဆေး ၂ ကီလိုဂရမ်ကျော်ကျော်ပဲ ဖမ်းမိတာမို့ ဒီဇန္နဝါရီလ ဖမ်းဆီးရမိမှုဟာ အဆမတန် များပြားနေပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဘိန်းစိမ်းထွက်တဲ့ နိုင်ငံဖြစ်နေပြီး အများအားဖြင့် ဘိန်းဖြူအဖြစ် ပြောင်းလဲပြီး ထုတ်နေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကတော့ ဘိန်းကုန်ကူးမှုကို ၂၀၁၄ ခုနှစ်မှာ အမြစ်ပါမကျန် သုတ်သင်မယ်လို့ ကတိပေးထားပါတယ်။

ဒါပေမယ့်လည်း ဒီလဆန်းပိုင်း ကုလသမဂ္ဂကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံတွင်း ဘိန်းစိမ်းစိုက်ပျိုးမှု တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ဖို့ ကတိပြုထားပေမယ့် လက်တွေ့မှာ တကယ်မလုပ်ဆောင်ခဲ့တဲ့နိုင်ငံ ၃ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာရှဒေသထဲမှာ မက်တ်ဖက်တမင်း ဆေးပြား အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဂျွန်ဆင် (David Johnson) က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG