သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား၂ ဦး အစာအဆိပ်သင့် သေဆုံး


တောင်ကိုရီးယားနိုင်ငံက MV Bright Star ပင်လယ်ကူးသင်္ဘောမှာ ပါသွားတဲ့ သင်္ဘောသားအယောက်၂၀ ဟာ အစာ အဆိပ်သင့် ခဲ့ကြလို့ အဲဒီအထဲက ၄ ယောက်ဟာ သေဆုံးသွားခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား၂ ယောက်လည်း ပါဝင် တယ်လို့ အိန္ဒိယနိုင်ငံ ကန်ယာကူမာရီကလာတဲ့ Express သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသား၂ ဦးကတော့ စောမျိုးထွဋ် အသက် ၃၂ နှစ်နဲ့ စောဒေးဗစ် အသက်၂ ၉နှစ်တို့ ဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း ကန်ယာကူမာရီ ကမ်းခြေမှာ ကျောက်ချထားတဲ့ MV Bright Star သင်္ဘောထဲမှာ အစာအဆိပ် သင့်ပြီး မေ့မျောနေတဲ့ သင်္ဘောသားတွေကို သောကြာနေ့တုန်းက ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ကျန်တဲ့ ၁၆ ယောက်ကို ဆေးရုံမှာ တင်ထားရပေမယ့် အဲဒီအထဲမှာ မြန်မာသင်္ဘောသားတွေ ပါ မပါတော့ မသိရသေးပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံက သတင်းတွေမှာလည်း ဖော်ပြနေတယ်လို့ ပူချွန်းမြို့ရောက် ကိုကျော်စွာလင်း က အတည်ပြုချက် ပေးပါတယ်။

“အဲဒီသတင်းကို ကိုရီးယားမှာရှိတဲ့ ဆိုးလ် သတင်းစာက ဖော်ပြထားတာ ရှိပါတယ်ခင်ဗျ။ ကိုရီးယားလူမျိုး ၂ ယောက်ရယ်၊ မြန်မာလူမျိုး ၂ ယောက်ရယ် လောလောဆယ် ၁၃ ရက်နေ့မှာပေါ့နော် သေဆုံးသွားပြီလို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ သူတို့က ဒီ အစာအဆိပ်သင့်တဲ့အချိန်မှာပဲ ဒီသင်္ဘောကနေပြီးတော့ ကိုရီးယားနိုင်ငံကို အကြောင်းကြားတယ်။ အဲဒီ ကိုရီးယားနိုင်ငံကို အကြောင်းကြားတဲ့နေရာမှာ ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန ကနေပြီးတော့ ကိုရီးယားမှာရှိတဲ့ အိန္ဒိယ သံရုံးကို လှမ်းပြီးတော့ အကူအညီတောင်းတယ်။ အဲဒီ သင်္ဘောပေါ်မှာပါတဲ့ မြန်မာသင်္ဘောသားတွေရော၊ ကိုရီးယားသင်္ဘောသားတွေရော အယောက် ၂၀ လုံးကို အိန္ဒိယမှာရှိတဲ့ ဆေးရုံမှာ တင်ပြီးတော့ ဆေးဝါးကုသမှုကို ခံယူနေပါတယ်။ ဆေးရုံမှာ အခုရောက်နေတဲ့သူတွေက ကိုရီးယားလူမျိူးက ဘယ်လောက်၊ မြန်မာလူမျိုးက ဘယ်လောက် မပြောထားပေမယ့် စုစုပေါင်း အယောက် ၂၀ လို့ ဖော်ပြထားပါတယ်။”

ကိုကျော်စွာလင်း ရှင်းပြခဲ့တာပါ။ အသက်၄၀ အရွယ် ကိုရီးယား သင်္ဘောကပ္ပတိန်နဲ့ ၂၈ နှစ်အရွယ် သင်္ဘောသား တဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG