သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာစစ်အစိုးရ နဲ့ ကိုရီးယားပြဿနာ


တောင်ကိုရီးယား (South Korea) နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်အားလုံးကို ဖျက်သိမ်းလိုက်ပြီလို့ မြောက်ကိုရီးယား (North Korea) ကွန်မြူနစ်အစိုးရက လွန်ခဲ့တဲ့လကုန်က ကြေငြာခဲ့ပါတယ်။ အဏုမြူလက်နက် ထုတ်လုပ်ရေးစီမံကိန်းကို ဖျက်သိမ်းမှသာလျှင် မြောက်ကိုရီယားကို စီးပွားရေး ထောက်ပံ့နိုင်မယ်လို့ တောင်ကိုရီးယား သမ္မတပြောတာကို တုန့်ပြန်တဲ့အနေနဲ့ (၂) နိုင်ငံစာချုပ်အားလုံးကို တဖက်သတ် ဖျက်သိမ်းကြောင်း ကြေငြာတာဖြစ်ပါတယ်။

ဗမာစစ်အစိုးရ နဲ့ မြောက်ကိုရီးယားအစိုးရ ပုံမှန် သံတမန်ဆက်သွယ်ရေး ပြန်လုပ်ပြီး (၂) နှစ် နီးပါးအကြာမှာ အခုလို ကိုရီးယာပဋ္ဋိပက္ခ ပြန်လည်သက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပေမယ့် လက်ရှိ စစ်အစိုးရဟာ စစ်ပစ္စည်း နဲ့ အတတ်ပညာ လိုချင်တဲ့အတွက် မြောက်ကိုရီးယားကို တိုးတိုးတိတ်တိတ် ပြန်လည် ဆက်သွယ်ပြီး ၂၀၀၇ ခုနှစ် ဧပြီလမှာ ပုံမှန် သံတမန်ဆက်သွယ်ရေး ပြန်လည်လုပ်ခဲ့ပါတယ်။

ကိုရီးယား (၂) နိုင်ငံ ပဋ္ဋိပက္ခ မြန်မာပြည်အထိ ဂယက်ရိုက်လာပုံကို ဆောင်ပါးရှင် ဦးအောင်ခင် နဲ့အတူ မညိုညိုလွင် (ဗွီအိုအေ မြန်မာသတင်းဌာန) တို့က သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG