ဖေဖော်ဝါရီ ၁၆၊ ၂၀၀၉ - မြန်မာနိုင်ငံထွက်ဆန်တွေ နိုင်ငံခြားတင်ပို့မှု တိုးလာတယ်
ဆိုတဲ့သတင်းတွေ
ဒီသီတင်းပတ်ထဲမှာ ထွက်လာခဲ့ပါ တယ်။ ဒါပေမယ့်လည်း ပြည်တွင်း
လူထုစားသုံးတဲ့ ဆန်တွေရဲ့ဈေးနှုန်းကတော့
ကျမသွားတဲ့အပြင် အတက်တောင်ရှိနေ
တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီအတောအတွင်းမှာပဲ ရန်ကုန်တိုင်းအတွင်း
ကလယ်မြေတချို့ကို ပုဂ္ဂလိကကုမ္ပဏီတွေက သိမ်းယူနေတဲ့အတွက် လယ်သမားတွေ
နစ်နာနေရတယ်ဆိုတဲ့
ပြောဆိုသံတွေကိုလည်း ကြားလာရပါတယ်။
မြန်မာနိုင်ငံထွက်ဆန်တွေ ပြည်ပဈေးကွက်မှာ အဝယ်လိုက်နေပြီး အဓိကဝယ်ယူနေကြ
တာကတော့ အာဖရိကတိုက်နိုင်ငံတွေနဲ့
ဘင်္ဂလားဒေ့ရှ်တို့ဖြစ်တယ်လို့ ပြည်တွင်း ဆန်
စပါးဈေးကွက် ကုန်သည်တွေဆီကသိရပါတယ်။ မြန်မာ့ဆန်ဟာ
ထိုင်းတို့၊ ဗီယက်နမ်
တို့ကဆန်တွေရဲ့ အရည်အသွေးကို မမီတဲ့အတွက် အဲဒီဆန်တွေလောက် ဈေးကောင်း
မရ၊
ကမ္ဘာ့ဆန်ဈေးကွက်အနှံ့အပြားကို တင်ပို့ရောင်းချနိုင်တာမဟုတ်ဘဲ အရည်အသွေး
မမြင့်တဲ့ဆန်ကို
အနိမ့်ဈေးနဲ့ ဝယ်ချင်ကြတဲ့ အာဖရိကနဲ့ အာရှကနိုင်ငံတွေကိုပဲ တင်ပို့
နိုင်တာပါ။ ဈေးနိမ့်ပေမယ့်လည်း
ကိုယ်က ရောင်းချင်တဲ့အခါကျတော့ တင်းမခံနိုင်ဘဲ
ရောင်းနေရတာပါ။
ပြည်ပဆန် အရောင်းတက်တဲ့အချိန်မှာ ပြည်တွင်းဆန်ဈေး
လိုက်တက်တာကလည်း
မြန်မာနိုင်ငံမှာ အစဉ်အလာလိုဖြစ်နေခဲ့တဲ့ကိစ္စပါ။ ဒါတောင်မှပဲ ပြည်ပကို
ဆန်တင်ပို့
တယ်၊ ပြည်ပဆန် အဝယ်လိုက်တယ် စသည်ဖြင့် ဖြစ်နေပေမယ့် တနှစ် တနှစ် ပြည်ပပို့
နိုင်တဲ့ပမာဏက ပြောပလောက်အောင် မရှိဘူးလို့ ရန်ကုန်မြို့၊ ဘုရင့်နောင်ဈေး
ကုန်သည်တဦးကပြောပါတယ်။