မြန်မာစစ်အစိုးရကို စည်းရုံးဆွဲဆောင်ရေး နည်းလမ်းတွေရှာဖွေဖို့အတွက် မြန်မာနိုင်ငံ
နဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒကို အမြင်သစ်တမျိုးနဲ့ ကြည့်ရှုနေတယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်
ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတခုအတွင်း
မစ္စစ်ကလင်တန်က အဲဒီလိုပြောခဲ့တာပါ။
မြန်မာလူထုအပေါ် စိုးရိမ်စိတ်နဲ့ ဂရုတစိုက်ရှိတဲ့အတွက် မိမိတို့ရဲ့ မူဝါဒကို ပြန်သုံးသပ်
နေပါတယ်လို့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မစ္စစ်ကလင်တန်က ပြောသွားပါ
တယ်။
လက်ရှိ မြန်မာအစိုးရကို ဆွဲဆောင်စည်းရုံးဖို့ ဘယ်လိုလုပ်ဆောင်ရင် ရမယ်ဆိုတာ
သုံးသပ်နေကြောင်းနဲ့ မြန်မာလူထုကို ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်အောင်
နည်းလမ်းတွေ ရှာဖွေနေတယ်လို့လည်း ပြောသွားပါတယ်။ အဲဒီလို ထိရောက်မှုရှိမယ့်
မူဝါဒတခု ရလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း မစ္စစ်ကလင်တန်က ပြောသွား
ပါသေးတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သူတို့ရဲ့ ကိုယ်ပိုင်
တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် နေထိုင်နေကြတဲ့နေ့ကိုလည်း မြင်တွေ့လိုကြောင်း
ပြောသွားပါတယ်။