ဒေါ်လာသန်းပေါင်း ၇၈၇,၀၀၀ ကုန်ကျမယ့်
စီးပွားရေး ဦးမော့လာရေး အစီအစဉ်ကို ဥပဒေ
အဖြစ် အင်္ဂါနေ့မှာ အမေရိကန်သမ္မတ ဘရက်ခ်
အိုဘားမား (Barack Obama) က လက်မှတ်
ရေးထိုးလိုက်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို
ကယ်တင်ပြီး ပြန်လည်ပေါကြွယ်လာဖို့ ကြိုးစား
ရာမှာ ဒါဟာ သူ့ရဲ့ အဓိကကျတဲ့ အောင်ပွဲတရပ်
ဖြစ်ပါတယ်။
သမ္မတတာဝန်ယူအပြီး တလမပြည့်မီ မစ္စတာ
အိုဘားမားဟာ အင်္ဂါနေ့မှာ အမေရိကန်
အနောက်ပိုင်းက ကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့
ကို ခရီးထွက်ခဲ့ပါတယ်။ အဲဒီမှာ သူက အမေ
ရိကန် ပြန်လည်ရင်းနှီးမြှုပ်နှံရေးနဲ့ ပြန်လည်ဦးမော့လာရေးလို့ အမည်ရတဲ့ ဥပဒေကို
အဲဒီမြို့မှာ အိုဘားမားက လက်မှတ်ရေးထိုးလိုက်တာပါ။
သမိုင်းမှာ စီးပွားရေး ဦးမော့လာဖို့ အနှံ့စပ်ဆုံး အစီအစဉ်ဖြစ်တယ်လို့ မစ္စတာ
အိုဘားမားက အခုလိုပြောပါတယ်။
“ဒီကနေ့ ဥပဒေချမှတ်နိုင်ခဲ့တာကြောင့် ကျနော်တို့တတွေရဲ့ စီးပွားရေးပြဿနာတွေ
အဆုံးသတ်သွားပြီလို့ ဟန်ဆောင်မပြောချင်သလို၊ စီးပွားရေး လုံး၀ ပြန်ပြီးကောင်း
လာအောင် လုပ်ရမှာတွေအားလုံး ဒီအစီအစဉ်ထဲမှာ ပါနေတယ်လို့လည်း မပြောလိုပါ
ဘူး။ ဒါပေမယ့် ဒါဟာ စီးပွားရေးပြဿနာတွေ အဆုံးသတ်စေမယ့် အစလို့တော့
ပြောနိုင်ပါတယ်။”
ဒီအစီအစဉ်အရ အစိုးရက ငွေအမြောက်အမြားကို သုံးမှာဖြစ်တဲ့အပြင် အခွန်တွေကို
လည်း လျှော့ပေါ့ဖြတ်တောက်ပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အလုပ်ပေါင်း
၃,၅၀၀,၀၀၀ ကို ဖန်တီးနိုင်လိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အလုပ်လုပ်နေကြတဲ့ အမေရိကန်ပြည်သူ ၉၅% ကိုလည်း အခွန်လျှော့ပေါ့
ဖြတ်တောက်ပေးမယ်လို့ ဆိုပါတယ်။ ပညာရေး၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်
မှုနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။