သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီ ညှဉ်းပန်းရေးစခန်းမှူးအမှု သက်သေဆိုင်ရာ အငြင်းပွား


ကမ္ဘောဒီးယားနိုင်ငံက ခမာနီအကျဉ်းစခန်း အကြီးအကဲဟောင်းတဦးကို တရားရုံးတင်စစ်ဆေးမှု စတင်ခဲ့ရာမှာ အထောက်အထား တွေနဲ့ပတ်သက်တာ၊ မျက်မြင်သက်သေဖြစ်နိုင်ဖွယ်ရှိသူတွေနဲ့ ပတ်သက်တာတွေမှာ တရားရုံးရှေ့နေတွေနဲ့ ခုခံလျှောက်လဲချက် ပေးတဲ့ ရှေ့နေတွေအကြား အငြင်းပွားခဲ့ကြပြီးတဲ့နောက် ဒီကနေ့မှာ အဆုံးသတ်သွားပါတယ်။

၁၉၇၉ ခုနှစ်မှာ ခမာနီတွေကို အာဏာကဖြုတ်ချလိုက်ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဖနွမ်းပင်မြို့က S-21 အကျဉ်းစခန်းမှာ ဗီယက်နမ်စစ်သားတွေ ရိုက်ယူထားခဲ့တဲ့ မှတ်တမ်းတင်ကားတိုလေးကို အထောက်အထားအဖြစ် တင်ပြဖို့ တရားရုံးရှေ့နေတွေက ကြိုးစားခဲ့ကြပါတယ်။ အဲဒီမှတ်တမ်းတင် ရုပ်သံထဲမှာ ခုတင်မှာ လက်ထိပ်တန်းလန်းနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေ အပါအဝင် အကျဉ်းထောင်တွင်း ထိတ်လန့်ဖွယ်မြင်ကွင်းတွေ ပါဝင်ပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ အမှန်တရားကို ပုံဖျက်ဖုံးကွယ်ဖို့ နိုင်ငံရေးပယောဂနဲ့ လုပ်ထားတာဖြစ်တယ်လို့ Kaing Guek Eav ရဲ့ ရှေ့နေဖြစ်သူကပြောပါတယ်။ ဒါပေမယ့်လည်း တရားရုံးအနေနဲ့ ဒီရုပ်သံမှတ်တမ်းအပါအဝင် ရာဇဝတ်မှုနဲ့သက်ဆိုင်တဲ့ အထောက်အထားတွေကို ကြည့်ကိုကြည့်ရမယ်လို့ ပူးတွဲ တရားရုံးရှေ့နေဖြစ်သူ Robert Petit က တုန့်ပြန်ပြောဆိုပါတယ်။
Duch လို့ သိကြတဲ့ Kaing Guek Eav အပေါ် လူသားအဖြစ်ကို ဆန့်ကျင်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လူသတ် မှုတွေနဲ့ တရားရုံးတင် စစ်ဆေးနေတာဖြစ်ပါတယ်။ တရားစစ်ဆေးမှု အပြည့်အစုံကတော့ မတ်လမှာ စတင်မယ်လို့ ခန့်မှန်းထားကြ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG