သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး အင်ဒိုနီးရှားနှင့် သြစတြေးလျ ဆွေးနွေး


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝိရာယုဒ (Hasan Wirajuda) က ဆစ်ဒနီမြို့
မှာ အိမ်ရှင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖန် စမစ်သ် (Stephen Smith) နဲ့
တွေ့ဆုံပြီး ဒေသတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများကိစ္စ၊ အထူးသဖြင့် မြန်မာ
ပြည်က လှေစီးထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာများကိစ္စ ဆွေးနွေးကြပါတယ်။

ဒေသတွင်းသို့ မြန်မာနိုင်ငံက ရိုဟင်ဂျာများ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ကိစ္စ
ကို လာမယ့် ဘာလီ ပရောဆက် (Bali Process) ခေါ် အာရှနဲ့ ပစိဖိတ်ဒေသ မှောင်ခိုမှုနဲ့
လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စည်းဝေးပွဲမှာ စဉ်းစားကြပါလိမ့်မယ်။ ဘာလီ
ပရောဆက် အဖွဲ့ဝင်နိုင်ငံများက ဝန်ကြီးများ လာမယ့်သုံးလအတွင်းမှာ ကျင်းပဖို့ရှိပါ
တယ်။ အဲဒီလိုစဉ်းစားပါဆိုတာကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုလိုက်
ပါတယ်။

သြစတြေးလျနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြသူတွေဟာ အများအားဖြင့်
အင်ဒိုနီးရှားနိုင်ငံကို ဖြတ်သန်းပြီးမှ ဝင်ရောက်တာများပါတယ်။

ဘာလီပရောဆက်အဖွဲ့ကို အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့က ပူးတွဲဦးဆောင်ကြတာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG