သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာတန်ညာဟူး အစ္စရေး အစိုးရသစ်ကို ဦးဆောင်မည်


အစ္စရေးနိုင်ငံက လီကွတ် ပါတီခေါင်းဆောင် ဘန်ဂျမင် နာတန်ညာဟူး ကို အစ္စရေးအစိုးရသစ်ဖွဲ့ဖို့ အစ္စရေးသမ္မတ ရှီမွန် ပဲရစ် က ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မစ္စတာ နာတန်ညာဟူး က သူ့ပြိုင်ဘက် လက်ရှိနိုင်ငံခြားရေးဝန်ကြီး ကစ်တီလစ်ဘနီ နဲ့ ကာကွယ်ရေးဝန်ကြီး အီဟွတ် ဘားရက်တို့ကို သူနဲ့အတူ လက်တွဲပြီး ညီညွတ်တဲ့အစိုးရ ဖွဲ့ဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်။

ဝန်ကြီးချုပ်အဖြစ်နဲ့ မျှော်မှန်းခဲ့တဲ့ မစ္စ လစ်ဘနီ က နာတန်ညာဟူး အစိုးရအဖွဲ့သစ်မှာ ပါဝင်ဖို့ဆန္ဒသိပ်မရှိဘဲ နာတာယာဟူး ရဲ့ လက်ယာယိမ်းမူဝါဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် သူလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ မစ္စတာ နာတန်ညာဟူး အတွက် အစိုးရသစ်ဖွဲ့စည်းဖို့အချိန်ဟာ သီတင်းပတ်ခြောက်ပတ် ရှိနေပါတယ်။

ဒါပေမယ့် သဘောထားတင်းမာမှု သိပ်မရှိတဲ့ မစ္စ လစ်ဘနီ သာ သူ့အစိုးရအဖွဲ့ထဲမှာပါဖို့ ငြင်းဆိုခဲ့ရင် သူဟာ အမျိုးသားရေးဝါဒနဲ့ ဘာသာရေး ဦးစားပေးတဲ့ပါတီတွေနဲ့ ညွှန့်ပေါင်းအစိုးရကို ဖွဲ့စည်းရမှာမို့ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ်တွေဟာ ပိုပြီး ခက်ခဲလာနိုင်ဖွယ် ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG