ဧပြီလမှာ အမေရိကန် နဲ့ တရုတ် သမ္မတ ၂ ယောက်တွေ့ဆုံကြဖို့ အတွက် အသေးစိတ် အချက်အလက်တွေ ကို ဆွေးနွေးရအောင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန် နဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ယန်ကျင်းချီ (Yang Jiechi) တို့ ၀ါရှင်တန် မှာ နောက်လ တွေ့ဆုံကြပါလိမ့်မယ်။
မစ္စ ကလင်တန် ဟာ တရုတ် သမ္မတ ဟူကျင်းတောင်၊ ၀န်ကြီးချုပ် ၀မ် ကျင်းဘို တို့ နဲ့ စနေနေ့ က ဘေကျင်း မှာ တွေ့ဆုံပါတယ်။ ဒီ ခရီး ဟာ ကလင်တန် ရဲ့ အာရှခရီးမှာ နောက်ဆုံး ခရီး ဖြစ်ပါတယ်။
ဒီ့အရင်၊ နိုင်ငံခြားရေး ၀န်ကြီး ယန် နဲ့ မစ္စ ကလင်တန်တို့ တွေ့ဆုံကြတဲ့အခါမှာတော့ ရာသီဥတု အပြောင်းအလဲ၊ လုံခြုံရေး နဲ့ ကမ္ဘာလုံး ဆိုင်ရာ ငွေးကြေး အကျပ်အတည်းတွေ အပေါ် ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်ကြဖို့ အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။
ဧပြီလ၊ လန်ဒန် မှာ ကျင်းပမယ့် နိုင်ငံ ၂၀ အုပ်စု အစည်းအဝေးတွင်း မစ္စတာ ဟူကျင်းတောင် နဲ့ မစ္စတာ ဘရက် အိုဘားမားတို့ တွေ့ဆုံဆွေးနွေးပွဲအတွက် အခြေခံ အချက်အလက်တွေ ကိုလည်း သူတို့ ၂ ယောက် ဆွေးနွေးချမှတ်ခဲ့ကြပါသေးတယ်။
အိုဘားမား အစိုးရ က တရုတ်ပြည် နဲ့ ဆက်ဆံရေး ကောင်းအောင် ဆောင်ရွက်မှာ ကို ယန် နဲ့ တွေ့ဆုံအပြီးမှာ မစ္စ ကလင်တန် က ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
ဒီအချိန်မှာပဲ တိဘက် နှစ်သစ်ကူး အချိန် နီးကပ်လာတာနဲ့ အမျှ လုံခြုံရေးတပ်တွေကိုလည်း တိဘက် မှာ တရုတ်အစိုးရ က ပိုပြီး တိုးချထားလိုက်ပါတယ်။
တိဘက် ဘာသားရေး ခေါင်းဆောင် ဒလိုင်းလိုင်းမား ကို ထောက်ခံသူမှန်သမျှ ကို ချေမှုန်းမယ်လို့ တိဘက် မှာ ရှိနေတဲ့ တရုပ်အာဏာပိုင်တွေ က ဒီ အပတ် အစောပိုင်း မှာ ပြောထားပါတယ်။