မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ ့အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံတော်အကျိုးကိုထမ်းနိုင်ဖို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ အကျဉ်းသား ၆ ထောင် ကျော်ထဲမှာ အခုချိန်အထိ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၉ ယောက်ပဲပါတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
စနေနေ့က ပြန်လွတ်လာသူတွေထဲမှာ ၁၉၉၁ ခုနှစ်ထဲက အကျဉ်းကျနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ ့ အမရပူရမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် ပါတယ်လို့ NLD သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဉာဏ်ဝင်းက အတည်ပြ ု ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံကို လာသွားပြီးတဲ့ နောက်မှာ အကျဉ်းသူ အကျဉ်းသားပေါင်း ၆၃၁၃ ယောက်ကို လွှတ်ပေးမယ်လို့ စစ်အစိုးရက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလဲ စစ်အစိုးရက အကျဉ်းသား ၉ ထောင်ကျော်ကို ပြန်လွှတ်ပေးခဲ့တဲ့ ထဲမှာ နိုင်ငံရေးအကျဉ်းသားဟာ ၁၀ ယောက်ကျော်ပဲပါပါတယ်။