ဥရောပမှာ ဘဏ္ဍာငွေကြေးဈေးကွက်တွေနဲ့ ကုန်ပစ္စည်းတွေကို အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာ သင့်တယ်လို့ ဥရောပ စီးပွားရေး အင်အားကြီး ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ ဧပြီလကျရင် စီးပွားရေး အင်အားကြီးနဲ့ ဖွင့်ဖြိုးပြီးနိုင်ငံပေါင်း ၂၀၊ ဗြိတိန်နိုင်ငံမှာ စုဝေးကျင်းပမယ့် ထိပ်သီးညီလာခံ မတိုင်ခင်မှာ ကမ္ဘာ့စီးပွားရေး ပြဿနာ အဖြေရှာ ဖြေရှင်းရေးအတွက် ဘုံအဖြေရှာနိုင်ဖို့ ဂျာမနီနိုင်ငံမှာ ဘာလင်မြို့မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ ဥရောပ ခေါင်းဆောင်တွေ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။ ဘဏ္ဍာဈေးကွက်မှာ မတည်မငြိမ်မှုတွေကို ဖြစ်စေခဲ့တယ်လို့ အကြီးအကျယ် အပြစ်တင်နေတဲ့ Hedge fund ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးထားရှိဖို့ကိုလည်း ဥရောပ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။