သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးအကျပ်အတည်း လက်တွဲဖြေရှင်းဖို့ ဟီလာရီ ကလင်တန် တရုတ်ကို တိုက်တွန်း


အမေရိကန် နိုင်ငံက စီးပွါးရေး ပြေလည်အောင်ကြိုးစားတဲ့ရာမှာ အတူလက်တွဲပြီး ဆောင်ရွက်ဖို့အတွက် အမေရိကန် နိုင်ငံရဲ့ ကြွေးမှီတွေကို ဆပ်ပြီး ၀ယ်ယူဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က တရုတ်နိုင်ငံကို တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံး သွားရောက်ခဲ့တဲ့ အာရှ ၄နိုင်ငံ ခရီးစဉ် အပြီး တရုတ်နိုင်ငံ ဘေဂျင်းမြို့က မထွက်ခွါခင် မစ္စက် ကလင်တန်က ပြောကြားခဲ့တာပါ။

တရုတ်ထွက်ကုန်တွေအတွက် ၀ယ်လိုအားတွေ ပိုလာဖို့နဲ့ အမေရိကန် နိုင်ငံရဲ့ စီးပွါးရေး ကျဆင်းတာကို မြင့်တင်ဖို့အတွက် တရုတ် နိုင်ငံက ကြွေးမှီတွေ ပိုပြီးယူဖို့ လိုအပ်တယ်လို့ ပြောခဲ့တဲ့ အပြင် အမေရိကန် နိုင်ငံစီးပွါးရေး ကပ်ဆိုဒ်နေမှုကနေ ရုန်းမထွက်နိုင်ခင် တရုတ်နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်းမှာ မဟုတ်ဘူးလို့လည်းပြောကြားပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန် အစိုးရရဲ့ ငွေစုလက်မှတ်အများဆုံးကို ၀ယ်ယူထားတဲ့ နိုင်ငံ ဖြစ်တာမို့ တရုတ်နိုင်ငံက ဆက်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်မှာ အမေရိကန်နဲ့ တရုတ် စီးပွားရေး ဆက်နွယ်မှု အကျိုးသက်ရောက် အသိအမှတ်ပြုရာ ရောက်မယ်လို့ မစ္စက် ကလင်တန်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG