နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ကိုရီးယားလူမျိုး (၇) သန်းလောက်ရှိတာဟာ ကမ္ဘာ့စီးပွားရေးမှာတောင် ကိုရီးယားပါဝင်တဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာတာကို ပြသရာရောက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) ရဲ့  အရှေ့အာရှခရီးမှာ တောင်ကိုရီးယား (South Korea) ပါနေတာ ဒီအချက်ကို မီးမောင်းထိုးပြနေပုံရပါတယ်။ ဒါပေမဲ့ ကိုရီးယားကုမ္မဏီတွေ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလောကမှာ လာဘ်ထိုးကောင်းလို့ နာမည်ရနေပါတယ်။ ဂျာမဏီ (Germany) နိုင်ငံ ဘာလင်မြို့  (Berlin) အခြေစိုက် Transparency International အဖွဲ့ရဲ့  ၂၀၀၈ ခုနှစ် လာဘ်ပေးမှု စစ်တမ်းကိုကြည့်ရင် စစ်တမ်းယူတဲ့ နိုင်ငံအားလုံးဟာ လာဘ်ထိုးမှုနဲ့ မကင်းနိုင်ကြပေမယ့် အာရှမှာ လာဘ်အထိုးဆုံးက တရုတ်ဖြစ်ပြီး အိန္ဒိယက ဒုတိယလိုက်နေပါတယ်။
လာဘ်ပေးနိုင်တဲ့ နိုင်ငံခြားကုမ္မဏီတွေ မြန်မာပြည်မှာ စီးပွားရေးလုပ်နိုင်ကြပါတယ်။ ဒီအထဲမှာ လာဘ်ထိုးကောင်းတဲ့ တောင်ကိုရီးယား ကုမ္မဏီတွေလည်း ပါဝင်နေကြောင်း ဆောင်ပါးရှင် ဦးအောင်ခင် နဲ့ မညိုညိုလွင် (ဗွီအိုအေ မြန်မာသတင်းဌာန) တို့က သုံးသပ်တင်ပြထားပါတယ်။